အခန်း (၁၉) : မသက်ဆိုင်တဲ့အရာ

328 28 0
                                    

unicode

"ဟုတ်တာ​ပေါ့။" ရဲတိုက်တစ်ခု၏ခေါင်မိုးပေါ်သို့ ဆင်းသက်လာစဉ် သူ၏မျက်လုံးများသည် ဖြူစင်ပြီး ရွှင်မြူးကာ တောက်ပနေသည်။ အီဗီက နောက်တစ်ကြိမ် ထပ်ခုန်ဖို့စောင့်နေစဉ် မလှုပ်တော့တာကြောင့် သူ့မျက်နှာကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက သူမကို စိုက်ကြည့်​​နေတာကြောင့် ချက်ခြင်းပင် နောင်တရမိသော်လည်း မျက်ဝန်းထဲတွင် ဝမ်းနည်းနေပုံ ။ "မင်း ကိုယ့်ကို စိတ်မဆိုးတော့ဘူးမလား။" သူကမေးတယ်။

အီဗီ သည် ပြောစရာစကားပျောက်ရှနေချိန်တွင် သူမ၏ တုံ့ပြန်မှုကို စိတ်ရှည်စွာ စောင့်မျှော်ရင်း သူမကို ကြည့်နေခဲ့သည်။ ထို့နောက် သူမကိုပေါင်ပေါ်တင်လျက် မျှော်စင်အစွန်းထိပ်တွင် ထိုင်လိုက်သည်။

"စိတ်ဆိုးနေသေးတာလား" အတန်ကြာတိတ်ဆိတ်သွားပြီးနောက် အီ​ဗီ တံတွေးမျိုချမိသွားအောင် သူထပ်တိုးတိုးပြောလိုက်သည်။ သူမ မျက်လုံးတွေက အောက်ကိုငုံ့ကြည့်လိုက်တဲ့ အခါမှာတော့ အံ့ဩစရာတွေကိုတွေ့ရှိသွားတော့တယ်။ သူမ တခြားကမ္ဘာတစ်ခုဆီ ရောက်သွားသလို ခံစားရ လေသည်။ ညတစ်ညသည် ဤမျှအသက်ဝင်ပြီး လှပလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။

'ဒါဆို လူတိုင်း အိပ်မပျော်ဘဲ ညမှာ အနားမယူတဲ့ကမ္ဘာကြီးက ဘယ်လိုပုံစံနဲ့လဲ။ သူမကိုယ်သူမ တွေးနေမိသည်။ ဒီသွေးစုပ်ဖုတ်ကောင်ရဲ့ မြို့တော်မှာ သူမမြင်ဖူးသမျှ လူသားမြို့တွေနဲ့ ယှဉ်ရင် ပိုကြီးတဲ့ ရဲတိုက်တွေ အများကြီးရှိတာကြောင့် ရဲတိုက်တွေ၊ အိမ်ကြီးတွေနဲ့ လမ်းတွေကနေ မီးရောင်တွေက သူမမြင်နိုင်သလောက် မြေတစ်ပြင်လုံးကို ပျံ့နှံ့သွားသည်။'

မြင်ကွင်းက အရမ်းကွဲပြားပြီး အသက်ရှုမှားလောက်ပင်ပေမယ့် သူမကို ကိုင်ထားတဲ့လူဆီကနေ အာရုံပြောင်းနိုင်အောင်တော့မစွမ်းဆောင်နိုင်သေး။

" ဘာ...ဘာလို့ ရပ်လိုက်တာလဲ" သူမမေးလိုက်တယ်။

"မင်းကိုယ့်ကိုစိတ်ဆိုးနေတုန်း အိမ်ပြန်ခေါ်သွားရင်မကောင်းဘူးလေ"

အီဗီ က မျက်တောင်တွန့်ရင်းနဲ့ သူ့ကို ထပ်​မေးလိုက်တယ်။ "ဒါက သွေးစုပ်ဖုတ်ကောင်တွေရဲ့ အယူလား"

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora