အခန်း (၃၉) အလုံခြုံဆုံးနေရာ

256 19 0
                                    

unicode

သူမ၏ တစ်ဖက်တစ်ချက်ရှိ စားပွဲကို ဆုပ်ကိုင်ရင်း ဂါဘရီရယ် သည် အီဗီ ကို သူ့လက်နှစ်ဖက်ကြားတွင် လှောင်ပိတ်ထားလိုက်သည်။ စိတ်ဆန္ဒပြင်းပြစွဖြင့် သူ့နှုတ်ခမ်းများနဲ့ သူမကိုဖမ်းဆုပ်ထားလိုက်တော့သည်။ ဘာမှကိုမတွေးနိုင်တော့တဲ့အထိယစ်မူးကာ သာယာလာသည်အထိ သူ့လျှာဖြင့် သူမပါးစပ်ထဲကိုအခါခါကျူးကျော်လေတော့သည်။

ထို့နောက် သူ၏ ပါးစပ်သည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ သူမ၏ လည်ပင်းတစ်လျှောက် လှည့်ပတ်သွားပြန်သည်။ သူ့နှုတ်ခမ်းက ရုတ်တရက် ရပ်လိုက်ပြီး၊ နူးညံ့တဲ့သွေးလွှတ်ကြောလေးကို လျက်ကာ စုပ်နမ်းလိုက်တဲ့အခါ အီဗီ ရဲ့ ခြေထောက်တွေ တောင့်တင်းသွားတယ်။ အိုး... ဘုရားရေ။ သူမ ဘာဖြစ်နေတာလဲ? သူဘာလုပ်နေတာလဲ။

အီဗီ သည် သူမ၏လည်ချောင်းက ထွက်မလာရန် အလွန်ကြိုးစားနေသည့် အသံများကို မထိန်းနိုင်တော့ပေ။ ဘယ်လိုအသံမျိုးတွေ ထွက်လာတယ်ဆိုတာ သူမသေချာမသိပေမယ့် တောင်းပန်လိုတဲ့အသံမျိုးလို့​ေတာ့သူမမထင်ဘူး။ ပြီးတော့ သူမ...ဘာပဲဖြစ်​ဖြစ်​ မပြော​ရဘူး... ဒါပေမယ့်...သူမရဲ့ နှုတ်ခမ်းကို ကိုက်ထားပင်မဲ့လည်း အလုပ်​မဖြစ်​တော့ဘူး။

ထိုနောက်သူ့ပါးစပ်က သူမနှုတ်ခမ်းတွေကို ဖွင့်ထုတ်လိုက်ပြီး အသံတွေကို နောက်တစ်ကြိမ်ပြန်တွန်းထုတ်ဖို့ သူမနှုတ်ကို မဖွင့်နိုင်ခင်မှာပဲ သူ့ပါးစပ်ကို ချိတ်ပိတ်လိုက်တဲ့အတွက် သူမစိတ်သက်သာရာရသွားခဲ့သည်။ ဒီတစ်ခါတော့ သူ့အနမ်းတွေက စနောက်နေသလိုပင်...။ တစ်ဖန်၊ သူမသည် သူ၏ ခြယ်လှယ်မှုတွင် ခိုကိုးရာမဲ့ ဖြစ်နေပြီး သူမကို ဖြစ်စေချင်တဲ့ပုံစံအတိုင်းပုံသွင်းနေသည့်အတိုင်း......။

သူမ၏လက်များသည် ဖြည်းညှင်းစွာ ရွေ့လျားကာ ဆန့်ထွက်လာပြီး သူ့ပုခုံးကျယ်ကြီးပေါ်သို့ မှောက်ကျသွားသည်။ သူမခန္ဓာကိုယ်က သူ့ကိုပိုပြီး နီးလာအောင်ဆွဲနေမိသည်။

သို့သော် ရုတ်တရက် သူ့ပါးစပ်ကို သူမထံမှ ဆွဲခွာလိုက်ပြီး အားမလိုအားမရ ညည်းညူသံဖြင့် အနမ်းကို အဆုံးသတ်လိုက်တဲ့အခါ မှာ အီဗီတွေဝေမှိန်းနေဆဲ......

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora