အခန်း(၇) တိုက်ပွဲအဆုံးသတ်

437 38 2
                                    

unicode

သူလှည်းတံခါးကိုပိတ်လိုက်တာနဲ့တစ်ပြိုင်နက် အသဲခိုက်မတတ်အော်သံကြီးတွေကို အီဗီကြားလိုက်ရတော့သည်။ သူမ မျက်လုံးတွေဟာကြောက်လန့်မှုကြောင့်ပြူးကျယ်နေခဲ့ပြီး သူမရဲ့ခင်ပွန်းထွက်သွားမှာကိုတားရန်ပြင်နေတဲ့ လက်ဟာလည်းလေထဲမှာပဲ ရပ်တန့်နေခဲ့သည်။ သူမကြားနေရတဲ့အသံတွေကြောင့် ကြောက်စရာသတ္တဝါကြီးတွေသူမတို့ဆီ ရောက်လာပြီဆိုတာသူမသိလိုက်ရလေသည်။ ဒါပေမဲ့ ဘာကြောင့်လဲ။ အခုအချိန်ကညတောင်မရောက်သေးဘူးလေ။

အီဗီရဲ့လည်ချောင်းတွေဟာ ကြောက်လန့်မှုကြောင့်ခြောက်သွေ့လာခဲ့သည်။ အသံတွေကျယ်လာတာနှင့်အတူ သူမမျက်နှာလေးဟာလည်း တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။ သတ္တဝါကြီးတွေရဲ့ချဥ်းကပ်လာတဲ့အသံကို နားထောင်ပြီးခန့်မှန်းကြည့်ရရင်တော့ နှစ်ကောင်၊သုံးကောင်တောင်မက ပေ။ အုပ်စုလိုက် ချဥ်းကပ်လာသလိုမျိုး အသံကြားနေရသည်။ သူမလက်ကိုသူမရဲ့အဆက်မပြတ် ခုန်နေတဲ့နှလုံးပေါ်ဖိလိုက်ပြီး အကြောက်တရားဟာလည်းသူမရဲ့တစ်ကိုယ်လုံးထိပျံ့နှံ့ လာခဲ့တော့သည်။ အခုကဘာတွေဖြစ်နေကြတာလဲ။ သူမဒီနေရာမှာပဲ သေရတော့မှာလား။

ထိုအသံကြီးတွေကြားထဲမှာ စူးရှပြီးအပိုင်းပိုင်းလိုက်ခုတ်နေတဲ့ ဓားသံကိုလည်းအတိုင်းသားကြားနေရသေးသည်။ သတ္တါကြီးတွေရဲ့အော်သံနဲ့ လဲကျသံတွေဟာ မြေပြင်တစ်ခုလုံးကိုတုန်ခါနေပြီး သူမထိုင်နေတဲ့လှည်းလေးဟာလည်း လှုပ်ရမ်းနေတော့သည်။ သူမအခုအချိန်မှာ ဂါဘရီရယ်ရဲ့အသံကိုအရမ်းကြားချင်နေပေမဲ့လည်း သူမကြားနေရတာတော့ အပြင်ကတိုက်ပွဲသံနေသာဖြစ်၏။

"ကျေးဇူးပြုပြီး ရှင်မထိခိုက်လာပါနဲ့။ ရှင် ကျွန်မကိုဒီမှာတစ်ယောက်တည်းထားခဲ့လို့မရဘူးနော်။ ရှင် ရှိနေသေးရဲ့လား ၊ကျွန်မကိုအသံပေးပါဦး" လို့ အီဗီတစ်ယောက်လှည်းကြမ်းပြင်ပေါ်မှာကြောက်ရွံ့တုန်လှုပ်စွာ ထိုင်နေရင်းပြောနေခဲ့သည်။

သူမလှည်းကြမ်းပြင်ပေါ်ကနေ တံခါးဆီကိုသူမမှာကျန်နေသေးတဲ့ ခွန်အားသေးသေးလေးဖြင့်တွားသွားလျက် သွားလိုက်သည်။ သူမရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကတော့ ကြောက်ရွံမှုနှင့် အအေးဒဏ်ကြောင့်ထုံကျဥ်နေခဲ့၏။ အခုအချိန်မှာသူမ အတောင့်တဆုံးကတော့သူမရဲ့ ခင်ပွန်းဖြစ်သူအသက်ရှင်လျက်ရှိနေသေးတာကိုပဲ ဖြစ်သည်။ ကျယ်လောင်ပြီး ကြောက်စရာကောင်းတဲ့အသံတွေဟာလည်း သူမရဲ့မှုန်းဝါးနေတဲ့မြင်ကွင်းကနေတဖြည်းဖြည်းပျောက်ကွယ်လာ၍ သူမစိတ်ကိုအတတ်နိုင်ဆုံးထိန်းထားပြီး တံခါးဆီကိုသွားရင်း သူမရဲ့ခင်ပွန်းသည်ကိုရှာရန်လုပ်လိုက်သည်။

ညို့မှိုင်းယစ်ငင်Kde žijí příběhy. Začni objevovat