unicode
"သူ...သူ သဘောတူလိုက်တယ်လား" အီဗီ ၏ မျက်နှာသည် ရုတ်တရက် အရောင်များ စွန်းထင်းသွားသည်။ သို့သော်လည်း သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိပေ။
"ကျွန်မရဲ့ခင်ပွန်း ဒါမှမဟုတ် မင်းသားကို မတွေ့ဆုံရသေးဘူး၊ ဒါပေမယ့် ကောင်စီက အဆုံးအဖြတ်ပေးတာ ထင်ပါတယ်။ မင်းသားက သူ့သဘောမတူရင် ဘယ်သူကမှ လုပ်ပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။
"ငါသိပြီ..." အီဗီ က ပြောလိုက်သည်။ ဒါပေမယ့် သူမရဲ့ တုံ့ပြန်မှုက မြို့စားကတော် အတွက်တော့ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အီဗလင်း သည် ထိခိုက်ခံစားခဲ့ရပြီး ဝမ်းနည်းကြေကွဲခဲ့ရပြီး နှလုံးကြေကွဲသွားကာ စိတ်ဓာတ်ကျနေသည်ကို သူမ၏မျက်လုံးထဲမှ အကဲဖြတ်လို့ရေနသည်။
ဒါကသူ မျှော်လင့်ထားတာ မဟုတ်ဘူး။ တစ်ခန်းတည်းမှာ အတူအိပ်ခွင့်တောင်မပြုတဲ့ ဂါဘရီရယ် ကို သူမမမုန်းနေခဲ့တာမဟုတ်ဘူးလား။ မနေ့က မင်းသားလေးက မင်းသမီးအခန်းထဲကထွက်ပြီး တခြားတစ်နေရာမှာ အိပ်နေတယ် ဆိုတဲ့အကြောင်း အော်ရိုရာ က ကြားခဲ့သည်။ အစေခံတွေတောင် မင်းသမီးလေးက နေ့လယ်ခင်း(တကယ်တော့ညသန်းခေါင်လောက်ပါ)မှာ သူ့ကို နှင်ထုတ်ပစ်တယ် ဆိုပြီး အတင်းအဖျင်းပြောလာကြသည်။
ဒါဆို သူမရဲ့ ယခုအမူအရာကဘာလို့လဲ။ အရေးကြီးတဲ့ အချက်အလက်တွေ လွဲချော်နေသလား။ အရာများကို မှန်ကန်စွာ မကိုင်တွယ်ပါက ဤအရာသည် တခုခု ဖြစ်ပေါ်လာစေနိုင်သည်။
"ငါ အခုအနားယူချင်ပါတယ်၊ မြို့စားကေတာ် ေအာ်ရိုရာ၊ မင်းနဲ့တွေ့ပြီး စကားပြောရတာ ဝမ်းသာပါတယ်။" အီဗီ က ခပ်သေးသေး ပြုံးပြပြီး ထွက်သွားဖို့ လှည့်ထွက်သွားတော့သည် ။ သူမ၏အသံ၊ သူမ၏အတင်းအကြပ်အပြုံးနှင့် သူမ၏မျက်လုံးများတွင် ဝမ်းနည်းနေသည့် အကြည့်များ... သူမ၏စိတ်ခံစားမှုများကိုထိန်းထားရန် မည်မျှပင်ပင်ပန်းပန်းရုန်းကန်နေရသည်ကို ထင်ရှားသည်။ ဒါတွေက ခင်ပွန်းကို လုံးဝ ဂရုမစိုက်တဲ့ ဇနီးတစ်ယောက်ရဲ့ တုံ့ပြန်မှုနဲ့ အပြုအမူတွေ မဟုတ်ပါဘူး။ အမှန်တော့၊ သူမသည် ခင်ပွန်းသည်က သူ့အား နှလုံးသွင်းထားသော်လည်း ၎င်းတို့၏ ချစ်ခြင်းမေတ္တာနှင့် အိမ်ထောင်ရေး ကတိကဝတ်များကို သစ္စာဖောက်သလို ဘာလို့ပြုမူနေရတာလဲ။
VOCÊ ESTÁ LENDO
ညို့မှိုင်းယစ်ငင်
Fantasiaခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...