unicode
စိတ်လှုပ်ရှားစရာကောင်းကာ ငြိမ့်ညောင်းပြီး ခမ်းနားသောဂီတသံသည် ကြီးမားသောတံခါးများအထဲမှ ထွက်ပေါ်လာသည်ကို ကြားနိုင်သည်။ အထဲမှာ ကပွဲတခုရှိကြောင်း၊ ၎င်းကပွဲမှာ စတင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သွေးစုပ်ဖုတ်ကောင် ဧကရာဇ်က သူမကို ကြိုဆိုဖို့ ကပွဲတခု လုပ်ခဲ့တာလား။ အီဗီ သည် ထိုအတွေးကို ခေါင်းထဲမှ အလျင်အမြန် ထုတ်လိုက်သည်။ သူတို့ဒီလိုလုပ်စရာအကြောင်းမှ မရှိတာ။ သူမသည် သူတို့၏ရန်သူဖြစ်ပြီး ဒါကို ဒီအင်ပါယာကလူတိုင်းသိနေတာပဲ။ သူမကြောင့် ဒီပွဲကို ကျင်းပခဲ့မယ်ဆိုရင်တောင် အကြောင်းပြချက်တစ်ခုပဲ တွေးနိုင်သည်။ ဧကရာဇ်သည် သူမအား အပေါ်ယံတွင် ကြိုဆိုနေသော်လည်း နောက်ကွယ်တွင် တခုခုစီစဉ်နေပုံပေါက်သည်။
"ကြောက်နေတာလား" ထိုအသံသည် သူမ၏ နက်နဲသော အတွေးများကို မောင်းထုတ်လိုက်သည့်နှယ်၊ အီဗီ မျက်နှာကို မော့လိုက်သည့်အခါ သူ့မျက်နှာနှင့်အလွန်နီးကပ်နေတာကြောင့် ရုတ်တရက် အံ့အားသင့်သွားကာ သူမနောက်ပြန်ပင်လဲကျမိမတတ်ဖြစ်သွားရသည်။ သိုသော်လည်း သူမ၏ခါးကို သူ့၏သန်မာသော လက်တစ်စုံကပွေ့ဖမ်းထားလိုက်သည်။
အီဗီ သည် သေချာမတ်တပ်ပြန်ရပ်လိုက်သည်နှင့် သူမသည် သူ့ထံမှ ခြေတစ်လှမ်းဆုတ်သွားသည်။ "ကျေးဇူးပြုပြီး ကျွန်မ့ကို ဒီလိုအလန့်တကြားမလုပ်ပါနဲ့" သူမ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။ ဂါဘရီရယ် သည် သူမစကားကို မကြားသလို ဟန်ဆောင်ကာ ခေါင်းကိုတဖက်သို့လှည်သွားသည်။
"ကိုယ့်မိန်းမလေး အဆင်သင့်မဖြစ်သေးရင် ကိုယ်တို့ပြန်သွားလို့ရတယ်နော်" သူ ညင်ညင်သာသာပြောသောအခါ အီဗီ ၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဘ..ဘာ....အစတည်းကတော့မပြောပဲနဲ့ ဘာလို့အခုမှလာပြောတာလဲ။
အီဗီ ဘာတခွန်းမှပြောထွက်မလာတာကို သူမကိုယ်သူမအံ့ဩနေမိသည်။ တကယ်လို့သာ သူမကမ.သွား.ချင်.ဘူး လို့သာပြောလိုက်ရင် သူတို့ချက်ချင်းပြန်လို့ရပြီလေ။ သူမ အရမ်းစိတ် လှုပ်ရှားနေပြီး ဒီအတွက် သူမဘာမှ အဆင်သင့်မဖြစ်သေးတာကို ဘာကြောင့် တုံ့ဆိုင်းနေတာလဲ။
YOU ARE READING
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...