အခန်း (၆၈) ညဉ့်မြူခိုး

478 16 0
                                    

unicode

"ညဉ့်မြူခိုး..." ဂါဘရီရယ် ပြောလိုက်တဲ့အခါ ဇိုလန်၏ မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားသည်။ သူက မင်းသားကို နံရံကိုမှီဖို့ အမြန်ခိုင်းပြီး သူ့ဒဏ်ရာကို ချက်ချင်းစစ်လိုက်သည်။

"သေစမ်း။ တကယ်ညဉ့်မြူခိုးပဲ။" ဇိုလန် ကျိန်ဆဲလိုက်သည်။

ညဉ့်မြူခိုး သည် အဆိပ်ထဲတွင် နာမည်ကြီးသည့်အဆိပ်ဖြစ်ကာ ဖြေဆေးမရှိပေ။ ဤအဆိပ်ကို ဗန်ပိုင်းယားအင်ပါယာရဲ့ တော်ဝင်မိသားစုမှသာ ရရှိနိုင်ပြီး တော်ဝင်မျိုးနွယ်များ၏ လက်ဝယ်တွင် အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။ ဒီအဆိပ်ကို ဘယ်သူက ပြုလုပ်တယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒီ ညဉ့်မြူခိုး ဟာ ဟိုးရှေးရှေးတုန်းက ဘုရင်မတစ်ပါးကို လက်ဆောင်ပေးခဲ့တယ်ဆိုတာပဲ သူတို့သိထားကြသည်။

"ထိတ်လန့်နေစရာ မလိုပါဘူး။ ဒီအဆိပ်က ဗန်ပိုင်ယားတယောက်ကို ချက်ခြင်းသတ်တယ်ဆိုပင်မယ် ငါ့အတွက် အများကြီး မသက်ရောက်ဘူးဆိုတာ မင်းသိပါတယ်၊ ငါ့ကိုမသတ်နိုင်ပါဘူး။" ဂါဘရီရယ် က တည်ငြိမ်စွာပြောသည်။ ဒါပေမယ့် မင်းသားလေးဟာ ခါတိုင်းထက် အနည်းငယ် ဖြူဖျော့လာပြီး သူ့မျက်လုံးတွေက မှိန်းနေတဲ့ အကြည့်တွေဖြစ်လာတာကို စတင်မြင်လိုက်ရသည်။

ဂါဘရီရယ် သည် ယခင်က ဒီအဆိပ်သင့်ခဲ့ကြောင်း ဇိုလန် သိခဲ့သည်။ အဲဒီတုန်းက သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ရှင်းထုတ်ဖို့ ငါးရက်လောက်​ကြာခ​ဲ့သည်။အထူးသဖြင့် ဤအဆိပ်သည် ဖြေဆေးမရှိသောကြောင့်၊ ၎င်းသည် အမြဲတမ်း ပြင်းထန်တ​ဲ့လူသတ်သမားမျိုးဖြစ်သည်။ ဒါပေမယ့် ဂါဘရီရယ် ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါသည်။ ဇိုလန် သည် မင်းသားဟာ မည်သည့်အဆိပ်ကိုမဆို ခုခံနိုင်စွမ်းရှိရမည် သို့မဟုတ် သူ၏သွေးပြန်ကြောများမှထွက်သော အပြာရောင်သွေးသည် အဆိပ်ဖြေဆေးဖြစ်ကြောင်း ဇိုလန် က အတည်ပြုနိုင်ခဲ့သည်။ သို့ဆိုလျှင် မင်းသားလေး၏ကိုယ်တွင်း၌ အဆိပ်အတောက်များ တိုက်မထုတ်နိုင်ခင် ဒီအဆိပ်က မင်းသားရဲ့ကိုယ်ထဲမှာ ရက်ပေါင်းမည်မျှကြာရှိနေမလဲ။

You've reached the end of published parts.

⏰ Last updated: Sep 01, 2023 ⏰

Add this story to your Library to get notified about new parts!

ညို့မှိုင်းယစ်ငင်Where stories live. Discover now