unicode
အီဗီ မျက်လုံးများရုတ်တရက် ပွင့်လာခဲ့သည်။ သူမသည် ချွေးများထွက်ကာ အသက်ရှူရခက်နေပြီး သူမ၏ မျက်လုံးများ ပြူးကျယ်နေကာ မျက်နှာကျက်ကို စိုက်ကြည့်ရင်း အသက်ရှုတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ သူမ နောက်ဆုံး အိပ်မက်ဆိုး မက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ သူမ မမှတ်မိတော့ဘူး။
ယလ်ဗီအာအိမ်၏ လူများအတွက်, အိပ်မက်ဆိုးများသည် အချို့သောကျပန်း သို့မဟုတ် ပုံမှန်ဖြစ်ပျက်မှုမျှသာမဟုတ်ပေ။ သူတို့အတွက်၊ ဒါတွေကို အလေးအနက်ထားပြီး သတိပေးတဲ့ သတင်းစကား ဒါမှမဟုတ် နောင်လာမည့်အရာတွေရဲ့ လက္ခဏာတွေပါပဲ။
ထူးဆန်းသည်မှာ၊ မိသားစု၀င်များ အတွက် အိပ်မက်ဆိုးများ ကြုံဖူးရန် အလွန်ရှားပါသည်။ တစ်သက်တာမှာ အိပ်မက်ဆိုးတွေ မကြုံဖူးတဲ့ အဖွဲ့ဝင်တချို့တောင် ရှိတယ်လို့ သူမကြားဖူးသည်။ သို့သော်အီဗီ သည် တစ်ကြိမ်သာ ကြုံဖူးသော်လည်း ထိုစဉ်က သူမ ငယ်သေးသော်လည်း သူမ ဘယ်လို ခံစားခဲ့ရသည်ကို သိထားပြီးသား။
အိမ်တော်မှာတုန်းက သူတို့ထဲက တစ်ယောက်ယောက်က အိပ်မက်ဆိုးတွေ မက်ဖူးရင် သူတို့မြင်သမျှကို မိသားစုခေါင်းဆောင်ဖြစ်တဲ့ နဂါးထိန်းကို ချက်ချင်း ပြောရသည်။ ဤသည်မှာ အိမ်၏စည်းမျဥ်းကို မချိုးဖျက်ရဘဲ၊ လူတိုင်းသည် သူတို့၏အိပ်မက်ဆိုးများ လက်တွေ့တွင် အမှန်တကယ်ဖြစ်လာရန် အခွင့်အလမ်းအလွန်မြင့်မားကြောင်း သိထားသောကြောင့်သာ အလေးအနက်ထားတာဖြစ်သည်။ အထူးသဖြင့် နောင်လာမည့်ဘေးအန္တရာယ်များနှင့် ပတ်သက်သည့် စိတ်အနှောင့်အယှက်ဖြစ်စေသော အိမ်မက်ဆိုးများ- သဘာဝအတိုင်းဖြစ်စေ လူလုပ်သည်ဖြစ်စေ ၎င်းတို့သည် ၎င်းကို ဘယ်သောအခါမှ ဖုံးကွယ်ထားရမည်မဟုတ်ပေ။ အကြောင်းရင်းမှာ ဘေးအန္တရာယ်မဖြစ်ပွားစေရန် တစ်စုံတစ်ခုလုပ်ဆောင်ရန် အခွင့်အလမ်းရှိနေသောကြောင့် ဖြစ်သည်။တစ်စုံတစ်ယောက် အိမ်မက်ဆိုးမက်တိုင်း သတင်းပို့တဲ့အတွက် အိပ်မက်ဆိုးတွေကို လက်တွေ့မဖြစ်လာအောင် တားဆီးနိုင်ခဲ့တာ အကြိမ်ပေါင်းများစွာ ရှိခဲ့ကာ ထိုသတင်းပို့တဲ့သူများကို ကျေးဇူးတင်ရမည်ဟု သူမအမေပြောဖူးတာသတိရသွားသည်။
ESTÁS LEYENDO
ညို့မှိုင်းယစ်ငင်
Fantasíaခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...