unicode
အီဗီ ကုတင်ကို ငုံ့ကြည့်လိုက်ပြီး အပြစ်ကင်းစွာ ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ သူမရဲ့အမူအရာ ပြောင်းသွားသည်။
"ဒါပေမယ့်........ဘာကြောင့်လဲ။" သူမ မဝံ့မရဲ မေးလိုက်မိသည်။ "ရှင်နဲ့ မြို့စားမင်းကြား တစ်ခုခု ဖြစ်ခဲ့တာလား"
"မဟုတ်ပါဘူး အချစ်ရယ်။ ဘာမှမဖြစ်ပါဘူး၊ ကိုယ် သူ့ကို သတိပေးတဲ့အနေနဲ့ ရိုးရိုးလေးပြောပြီး အရာအားလုံး အဆင်ပြေသွားပါပြီ။" သူက ချက်ချင်း ပြုံးပြုံးလေး ပြန်ဖြေသည်။ "ကိုယ်က ဒီမှာ ရှိဖို့လိုအပ်နေတယ်၊ ဒါပင်မယ့်လည်း မင်းကို ရဲတိုက်ထဲမှာ တစ်ယောက်တည်း မထားခဲ့ချင်ဘူးဆိုတော့ မင်းကို ကိုယ်နဲ့အတူ ခေါ်ခဲ့ဖို့ ဆုံးဖြတ်လိုက်တာ။ နောက်ပြီး ငါတို့ကြားမှာ နားလည်မှုလွဲတာတွေ ထပ်မလိုချင်တော့ဘူး။ အရင်ကကိစ္စတွေအရဆို ကိုယ်မင်းကိုထားခဲ့ရင် တစ်ခုခုဖြစ်လာမှာကို ကိုယ်
ကြောက်တယ်၊ ဒါကြောင့် မင်းကိုကိုယ်နဲ့ နီးနီးကပ်ကပ်ထားရင်ကောင်းမယ်လိုတွေးလိုက်မိတယ်။"
သူသည် သူမကို ပြုံးပြကာ အရင်က တယောက်ကို တယောက်နားလည်မှု လွဲမှားနေတာကို ရည်ညွှန်းချင်နေမှန်းသူမသိလိုက်သည်။
အီဗီ က သူ့ကို ဘာမှပြန်မဖြေဘဲ စိုက်ကြည့်နေချိန်မှာ၊ ဂါဘရီရယ် က သူ့ခေါင်းကို ငုံ့ထားပြီး သူ့မျက်နှာကို အသက်ရှုမဝမချင်သလို ဖြစ်နေတဲ့သူမအနားကို ရွှေ့လိုက်သည်။ သူ့မမျက်နှာကို သေချာကြည့်လိုက်တော့ မျက်ခုံးတွေကြားက အကြောင်းလေးတစ်ခု ပေါ်လာသည်။
"မင်းမကြိုက်ဘူးလား။" မေးတော့ သူ့မျက်နှာက နည်းနည်းမှောင်သွားတယ်။ "ဒီအခန်းက ညစ်ပတ်-"
ဂါဘရီရယ် သည် အီဗီ ၏ ခန္ဓာကိုယ်က သူ့အပေါ်ကိုရုတ်တရက် ပြိုကျလာသဖြင့် သူပြောရန် ကြိုးစားနေသော ကျန်စကားလုံးများကို အံကြိတ်ခဲ့သည်။ သူမမျက်နှာကို သူ့ရင်ဘတ်မှာ မြှုပ်ထားရင်း နုနယ်တဲ့လက်တွေကို သူ့ခါးမှာ ရစ်ပတ်ထားသည်။
ပြီးတော့ သူ လုံးဝ အေးခဲနေပြီး သူ့မိန်းမဆီက ဒီတုံ့ပြန်မှုကို လုံးဝ မမျှော်လင့်ထားဘူး။ သို့သော်၊ သူသည် ညည်းညူရမည့်သူမဟုတ်သည့်အပြင် အီဗီ ၏ တက်ကြွစွာတုံ့ပြန်မှုအတွက် လုံးဝ ပီတိဖြစ်ခဲ့သည်။
CZYTASZ
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...