unicode
လီယွန်၏မျက်လုံးများသည် သံသယစိတ်ဖြင့် ကျဉ်းမြောင်းသွားကာ ဂါဘရီရယ် ဘာကိုဆိုလိုနေမှန်းသိသွားပြီးတဲ့နောက် လီယွန်၏မျက်လုံးများ အနည်းငယ်ပြူးသွားသည်။ "မင်း ငါ့ကို သဘောတူဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူးလေ။" သူ အံကြိတ်ကာပြန်ပြောလိုက်သည်။
"အိုး ငါမပေးဘူးလား။" ဂါဘရီရယ် သည် ခေါင်းကို အနည်းငယ်ညိမ့်လိုက်သည်။ "အင်း၊ အဲဒါက အရေးမကြီးတော့ဘူး။ မင်း အလောင်းအစား ရှုံးသွားပြီ။ ဒါကြောင့် မင်း အခုကစပြီး ငါ့ကို အလုပ်အကျွေးပြုရမယ်။" မင်းသားက ညစ်ကျယ်ကျယ် ပြုံးပြလိုက်သည်။
ဂါဘရီရယ် ၏ပါးစပ်မှထွက်လာသောစကားကြောင့် လီယွန်သည် တုန်လှုပ်သွားရုံမကဘဲ၊ ကြားရသူတိုင်းလည်း တုန်လှုပ်သွားကြသည်။ ဂါဘရီရယ် သည် သူ့ပုခုံးကိုတွန့်လိုက်သည်။
"ကိုင်ယူးစ် က ကျန်တဲ့တပ်တွေနဲ့ ဆုတ်ခွာသွားချိန်မှာ မင်းကို ချန်ထားခဲ့တာေလ။ အဲဒါ မင်းက သူ့အတွက်ထင်သလောက် တန်ဖိုးရှိတဲ့ လက်နက်မဟုတ်ဘူးလို့ ဆိုလိုတာပဲ။" ဂါဘရီရယ် သည် သူ့အမြင်ဖြင့်လေ့လာသုံးသပ်ပြလိုက်သည်။ လီယွန်ကို သတိပြုမိခဲ့သော အရာများထဲမှတစ်ခုမှာ သူ၏ဉာဏ်ရည်ဉာဏ်သွေးဖြစ်သည်။ ဂဲလက်စ် နှင့်မတူဘဲ၊ လီယွန် သည် တော်ဝင်တော်ဝင်မျိုးနွယ်တွေရဲ့ သွေးနှောတွေအပေါ် စစ်မှန်တဲ့သဘောထားကို နားလည်ပုံပေါက်သည်။ ဂါဘရီရယ် သည် သူ့မျက်လုံးများကို ကြည့်ရုံဖြင့် ပြောနိုင်သည်။
"မင်းကဘာလို့ငါ့ကိုသစ္စာခံခိုင်းချင်တာလဲ။" နောက်ဆုံးတော့ သွေးနှောက သံသယတဝက်ဖြင့် ပြောလာသည်။ "မင်းက သန်မာတယ်... ငါဘယ်တုန်းကမှ မရနိုင်မယ် မထင်တဲ့ မကောင်းဆိုးဝါးတစ်ကောင်လို။ မင်းက ငါ့လိုမျိုးပဲ အစွမ်းထက်တဲ့ လက်နက်တွေ မလိုဘူး။" နောက်ဆုံးအပိတ်မှာ ကဲ့ရဲ့ရှုံ့ချလိုက်သလိုပင်။
"မှန်တယ်၊ ငါလက်နက်မလိုအပ်ဘူး။ ဒါပေမယ့် မဟာမိတ်တွေလိုတယ်ေလ။ ပိုအားကောင်းလေလေ၊ ပိုကောင်းလေပဲ။" ဂါဘရီရယ် ၏ မျက်လုံးများသည် ကြည်လင်တောက်ပနေပြီး လီယွန်ကို တည့်တည့်စိုက်ကြည့်နေသည်။
BINABASA MO ANG
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...