အခန်း (၅၈) ယောကျာ်းကောင်းတယောက်

279 13 0
                                    

unicode

အီဗီ သည် သူ့ပခုံးပေါ်မှ အလေးချိန်ကို ထောက်ကာ ဂါဘရီရယ်က အောက်တွင် ငြိမ်နေချိန်တွင် ဒူးထောက်ကာ ထလိုက်သည်။သူ့မျက်လုံးထဲမှာ ဆာလောင်မှု ကခုန်နေတာကို ရိပ်မိဖို့ သူမ အရမ်း မှင်တက်နေခဲ့သည်။

"ဂါဘ -" ဂါဘရီရယ် ရုတ်တရတ် လှုပ်ရှားပြီး သူ့မကို ဖမ်းဆွဲလိုက်တာကြောင့် သူ့နာမည်ကို တောင်ဆုံးအောင်မခေါ်ရသေးခင်မှာပင် သူ၏ သန်မာသောလက်မောင်းများက သူမ၏ခါးကို ရစ်ပတ်ထားကာ သူမ၏ခန္ဓာကိုယ်နှင့် သူ့ခေါင်းကို ကွယ်ဝှက်ထားစဉ် သူမကို အနည်းငယ် မြှောက်ချီထားသည်။ အီဗီ သည် သူ၏အေးမြသောနဖူးကိုခံစားမိလိုက်ပြီး သူမရဲ့ဗွက်ထသလို စိတ်ရှုပ်ထွေးနေသောနေသောခေါင်းကို အနည်းငယ်ရှင်းလင်းစေသည်။

"အီဗီ... အိုး... ဘုရားရေ..." သူ့လေသံက စူးရှပြီး သူ့ရင်သားရဲ့ ပျော့ပျောင်းတဲ့တစုံတခုကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ရင်း သူ့မျက်လုံးတွေက စူးစူးရဲရဲနဲ့ မှိတ်ကျသွားခဲ့သည်။ သူက ညင်သာစွာ ဆုပ်နယ်ညှစ်နေရင်း ပါးစပ်က သူ့မလည်ချောင်းကို နမ်းလိုက်သည်။

သူ့လက်များက သူမခန္ဓာကိုယ်ကို အဆက်မပြတ် စူးစမ်းလေ့လာနေသလို၊ သူမခန္ဓာကိုယ်ရဲ့ နေရာတိုင်းသည် ညင်သာပြီး လေးလံသော အထိအတွေ့များကို အလှည့်ကျ ခံစားလိုက်ရသည်။

"ဂါဘရီရ ..." အီဗီ အသက်ပြင်းပြင်းနဲ့ညည်းညူရင်း သူ့အထိအတွေ့တွေနဲ့အနမ်းတွေအောက်မှာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။ သန်မာသောလက်များက သူမခန္ဓာကိုယ်၏ အသွယ်သွယ်တိုင်းကို ခြေရာခံကာ ပြောမပြနိုင်တဲ့ မီးတောက်များကို နိုးကြားစေသည်။

ဂါဘရီရယ် က ညည်းလိုက်သည်။ သူမ၏ အိပ်မက်များနှင့် စိတ်ကူးထဲတွင် မရေတွက်နိုင်သော အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့် နောက်တွင်ယခုလက်တွေ့ သူမကို ထိမိရုံမျှဖြင့် သူ့ခံစားချက်တစ်ခုလုံးတွင် လုံးလုံးလျားလျား ဆွဲဆောင်သွားခဲ့သည်။ တကယ့်လက်တွေ့က သူစိတ်ကူးယဉ်ထားတာထက် အများကြီးသာလွန်နေသည်။ သူမ၏ ဖြူစင်သော အသားအရေကို သူ့လက်နှစ်ဖက်ဖြင့် ထိလိုက်သည့် ခံစားချက်သည် သူ့ဘဝတစ်သက်တာလုံး နစ်မြုပ်ခံစားလိုသော မြင့်မြတ်သော ဇိမ်ခံပစ္စည်းတစ်ခုလိုမျိုး။ သူမကို ဆုပ်ကိုင်လိုက်၊ ထိလိုက်၊ နမ်းလိုက်လုပ်ချင်နေသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora