အခန်း (၅၉) ကျွန်မကိုပြပါ။

314 12 0
                                    

unicode

"အီဗီ၊ တော်တော့-" ဂါဘရီရယ် သည် မယုံနိုင်လောက်အောင် စိတ်ကြွနေပြီဖြစ်သော်လည်း သူမအတွက်ကြောင့် သူ့ကိုယ်သူ ဟန့်တားထားလိုက်ကာ အံကြိတ်ထားမိလိုက်သည်။

သူမ သူ့ကို ညင်သာစွာ လိုက်ညှစ်နေပြီး သူ ညည်းလိုက်သည်။ သူမကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေ၊ သူမကို ရပ်တန့်စေမယ့် လက်တွေက တုန်ယင်နေသည်။ဒါပေါ့လေ၊ သူ့မကိုသေလောက်အောင်ကို လိုချင်လွန်းနေတာ​ေလ။ သူမကို မတားချင်ခဲ့။ နူးညံ့သိမ်မွေ့သော လက်များ ၏ ပွတ်သပ်မှုများက ကယ်တင်ခြင်းကဲ့သို့ ခံစားရသည်။ သဲကန္တာရမှာ ရေငတ်သေခါနီးနေတဲ့ လူတစ်ယောက်က နောက်ဆုံးမှာတော့ရေတခွက်ကို လက်တစ်ကမ်းအလိုမှာ ရှာဖွေတွေ့ရှိခဲ့သည့်ခံစားချက်မျိုး။ နီးလွန်းလှသည်မို့ သူ့ကိုယ်သူ ရူးသွပ်လုနီးပါး ခံစားလိုက်ရသည်။

သူမလက်များက သူ့ကို ဆက်လက် ဆုပ်ကိုင်နေစဉ် သူမ၏ မျက်တောင်များ ပင့်တင်ကာ ဂါဘရီရယ်ရဲ့အသက်ကို စုပ်ယူလိုက်သလိုပင်။ စိုစွတ်နေသောကြောင့် သူမ၏ဆံပင်များ မည်းမှောင်နေသည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်သော ရေကန်မှ ထွက်ပေါ်လာသော လနတ်သမီးနှင့်တူသည်။

"ဒါက..." သူမ မဝံ့မရဲ နှုတ်ခမ်းကို ဖွင့်လိုက်သည်။ "ယောက်ျားတယောက်က မိန်းမထဲကို ထည့်မယ့်ဟာ၊ ဟုတ်တယ်မလားဟင်။" ရှက်ရှက်နဲ့ အပြစ်ကင်းစွာ မေးလိုက်သည်။ သူမ၏ အပြစ်ကင်းသော မေးခွန်းသည် စကျင်ကျောက်ရုပ်ထုကိုပင် ဆွဲဆောင်နိုင်သည့် အပြင်းထန်ဆုံးသော ဆေးဖြစ်သည်ကို မသိလိုက်ပေ။

ဂါဘရီရယ် သည် စကားမပြောဘဲ စိတ်ထဲတွင် ​ေလလွင့်နေခဲ့သည်။ သူ့ခေါင်းထဲမှာ နှလုံးသားက ခြိမ်းချောက်နေပြီး သူမကို ဖမ်းဆုပ်မှုမှ သူ့ကိုယ်သူ တားဖို့ အဝေးကို မျှော်ကြည့်နေရသည်။ သူမသည် ရဲရင့်လွန်းသဖြင့် သူ့ကို ရူးသွပ်စေသည်။ ဒါပေမယ့် ဘုရားရေ၊ သူမက မူးနေတာလေ။ သူ့မမျက်လုံးထဲမှာ ကြောင်လို စူးစမ်းလိုစိတ်တွေ တောက်ပနေတာကို သူမြင်နေရသည်။

သူ ခေါင်းညိတ်ပြရုံသာ တတ်နိုင်သည်။ အပျိုစင်လူသားအများစုသည် သူတို့အား ပညာပေးရန်မှာ သူတို့၏ခင်ပွန်းအလုပ်ဖြစ်သည်ဟု ယုံကြည်သောကြောင့် ဤအရာများနှင့်ပတ်သက်၍ မသိကြောင်း သူသိခဲ့သည်။

ညို့မှိုင်းယစ်ငင်Opowieści tętniące życiem. Odkryj je teraz