အခန်း (၁၃) အဆင်သင့်ဖြစ်ပြီလား။

409 35 2
                                    

unicode

အီဗီ သည် ရဲတိုက်မှ ထွက်လာသောအခါ၊ သူမသည် ဂါဘရီရယ် နှင့် သူ၏လူများဝတ်ထားသည့် အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီးဖြစ်သည်။ သူမ၏ တောက်ပြောင်သော ၀တ်စားဆင်ယင်မှုနှင့် ငွေရောင်ဆံပင်များသည် ထူထဲသော အနက်ရောင်ဝတ်ရုံအောက်တွင် မြှပ်နေခဲ့သည်။

ဂါဘရီရယ် သည် အနက်ရောင်ဝတ်ရုံဝတ်ထားသည့်  အမျိုးသားတစ်ဦးနှင့် စကားပြောနေချိန်တွင် အီဗီ  သည် ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း အလုပ်များနေတော့သည်။ မှောင်နေမှန်း သူမသိသော်လည်း ရဲတိုက်ကွင်းပြင်မှာ မည်မျှ လှပသည်ကို သူမ ကောင်းကောင်းခံစားနိုင်နေဆဲဖြစ်သည်။ အမှောင်ထဲမှာတောင် ရဲတိုက်ကြီး ဒီလောက် ကြီးမားပြီး ခြံရှေ့က ပန်းခြံကလည်း ကျယ်​ဝန်းလှမည်ဆိုတာ သိသာထင်ရှားလှပါသည်။ သူမ၏ အတွေးများထဲတွင် နေ့ခင်းဘက် ဤနေရာ၏ မြင်ကွင်းကို ပုံဖော်နိုင်နေပြီဖြစ်သည်။ ဤနေရာသည် တောင်ပိုင်းအင်ပါယာရှိ နာမည်ကြီး လီလီနန်းတော်ထက် ပိုလှပပြီး ပိုကြီးသည်ကို ဝန်ခံရပါမည်။ သူမ ပတ်ပတ် လည်ကို လှမ်းကြည့်ရင်း ဧကရာဇ် ဂါဘရီရယ် ကို မျက်နှာသာမပေးဘူးလို့ ထင်မိခဲ့တာမှားသွားလေသည်။ သူသည် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံးဖြစ်ရမည်၊ ထို့ကြောင့် အင်ပါယာရှိ အလှဆုံးရဲတိုက်ကို ပေးတာပေါ့။

"ဇနီးလေး" ဂါဘရီရယ် က သူမအနားကို လျှောက်လာခဲ့ပြီးနောက် "ကိုယ်တို့မသွားခင် မင်းကိုကိုယ့်လူတွေနဲ့ မိတ်ဆတ်ပေးမယ်။" လို့ပြောပြီး လူငါးယောက်က သူ့ရှေ့မှာ ခြေလှမ်းအနည်းငယ်အကွာမှာ တန်းစီရပ်နေကာ သူတို့ရဲ့ ဝတ်ရုံခေါင်းစွပ်တွေကိုတော့ချွတ်ထားကြသည်။ အီဗီ သည် သူတို့ကို ကြည့်ကာ အသံမဲ့ တံတွေးမျိုချလိုက်မိသည်။ သူတို့ထဲက သုံးယောက်က ဂါဘရီရယ် လောက် အရပ်ရှည်ပေမယ့် ကျန်နှစ်ယောက်ကလည်း ထောင်ထောင် မောင်းမောင်းတွေပင်။ အီဗီ သည် သူမ၏ဖခင်နှင့်  လူသားဧကရာဇ်နှင့်အတူ လိုက်ပါသွားခဲ့သည့် တောင်ပိုင်းအင်ပါယာက ကြီးမားပြီး ကြောက်စရာကောင်းသော ဗိုလ်ချုပ်များကို ချက်ချင်းသတိရမိသည်။ သို့သော်လည်း ဤလူငါးယောက်မူ သူတွေ့ဖူးသမျှ လူသားဗိုလ်ချုပ်များထက် သာလွန်သော စွမ်းအားကြီးသော ရောင်ဝါကို ထုတ်လွှင့်နေပါသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora