အခန်း (၆၁) အရမ်းဆိုးတယ်။

286 13 0
                                    

UNICODE

ဂါဘရီရယ် သည် သူမဆီကနေ မျက်နှာလွဲပြီး လူးစ် ကို ကြည့်လိုက်စဉ် အီဗီ ၏ မျက်နှာပေါ်တွင် ထိတ်လန့်နေမှုက ထင်ရှားစွာ ထွင်းထုထားသည်။ သူ့မျက်နှာသည် ဆွဲဆောင်မှုရှိသော၊ အေးစက်ပြီး မီးခဲလေးကဲ့သို့ ပြောင်းလဲသွားသည်ကို အီဗီမြင်လိုက်ရသည်။

"ငါ့ဇနီးကို ရဲတိုက်ကိုပြန်ခေါ်သွားလိုက်။" သူက တည်ငြိမ်သော အသံဖြင့် အမိန့်ပေးကာ မျက်လုံးစိမ်းနဲ့ရွှေရောင်ဆံရောင်ရှိသူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

အီဗီ က လှမ်းပြီး ဂါဘရီရယ် ရဲ့ ကုတ်အင်္ကျီကို ဆုပ်ကိုင်လိုက်သည်။ သူမရဲ့အမူအရာတွင်ကြောက်လန့်မှုတွေ ပြင်းထန်သည်။

သူမ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုကိုမြင်တော့ ဂါဘရီရယ် က ငုံ့ကာ တိုးတိုးပြောသည်။ "ဒီလိုမျက်နှာမျိုးမလုပ်ပါနဲ့၊ အချစ်ရယ်။ မင်းကိုကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်မဟုတ်လား၊ မဆိုင်တဲ့ လူတစ်ယောက်ကိုမှ ဒီနံရံကို ကျော်ဖြတ်မသွားစေရဘူး၊ အာ့ကြောင့် စိတ်မပူပါနဲ့နော် ၊ ပြီးတော့ ကိုယ်တို့ခုဏကနှောက်ယှက်ခံလိုက်ရတဲ့ကိစ္စကိုလည်းဆက်လုပ်ရအုံးမယ်လေ၊ ဟုတ်တယ်မလား။" ဂါဘရီရယ် သည် အီဗီ ၏စိုးရိမ်ပူပန်မှုကို ဖြေလျှော့ရန် ကြိုးစားရင်း ပြုံးပြလိုက်သည်။

သူ့အသံရဲ့ကြောင့် အီဗီ က လုံခြုံသွားသလို ခံစားလိုက်ရပြီး ရယ်မောခြင်းက သူမကို အနည်းငယ် ဖြေလျော့နိုင်စေခဲ့သည်။ သို့သော်လည်း သူမသည် သူ့မကိုယ်သူမ သိပ်စိတ်ပူမနေဘဲ သူ့အတွက် ပိုစိတ်ပူနေခဲ့သည်။ သူသည် သန်မာသည်ဟု သူမသိသော်လည်း ... စောစောက အိပ်မက်ဆိုးကြီး ... သူ့အဖေက အိမ်ရှေ့စံမင်းသားနဲ့ မဟာမိတ်ဖွဲ့ရင် ဘယ်လိုဖြစ်မလဲ။ မဟုတ်ဘူး၊ သူ့အဖေက အိမ်ရှေ့စံမင်းသားနဲ့ ဘာလို့မိတ်ဖွဲ့ရမှာလဲ။ အိမ်ရှေ့စံသားမင်းသည် လူသားမျိုးနွယ်၏ ရန်သူဖြစ်သည်။ ပြီးတော့ ရာသီဥတုက မဆိုးဘူး။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြည်လင်နေသည်။ နဂါးတစ်ကောင် အနှေးနဲ့အမြန် ရောက်လာတော့မယ့် ပထမဆုံး လက္ခဏာက ကောင်းကင်မှာ ထူထပ်တဲ့ တိမ်မည်းတွေ ပေါ်လာလေ့ရှိသည်။ နဂါးထိန်းကျောင်းသူတဦး စစ်ထွက်လျှင် အုံ့မှိုင်းသော ရာသီဥတုသည် သူသွားလေရာရာတွင် ဖြစ်ပေါ်တတ်လေ့ရှိသည်။ နဂါးထိန်းကျောင်းသူသည် သတ္တဝါကို ခေါ်တဲ့အခါ နဂါးထိန်းကျောင်းသူ၏ တည်နေရာသို့ သွားရာလမ်းတစ်လျှောက် မိုးကြိုးမုန်တိုင်းသည် နဂါးထက်အရင် ဖြစ်ပေါ်လာသည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora