Unicode
"ကျွန်မ... ကျွန်မအခုဆင်ပြေသွားပါပြီ။ ကျေးဇူးတင်ပါတယ်... ရှင်ရဲ့အကူအညီအတွက်" သူမက တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောသည်။ "ကျွန်မ အခု ကိုယ့်ဘာသာကိုယ် လုပ်နိုင်တယ်"
"သတိထားပါ။ မင်းအကူအညီလိုရင် ကိုယ်ကိုခေါ်လိုက်နော်။" သူပြောပြီး ခေါင်းညိတ်ပြလိုက်တော့ သူက လိမ္မာပါးနပ်စွာလှည့်ပြီး အခန်းထဲက ထွက်သွားတယ်။
တံခါးပိတ်သွားသည့်အခိုက်တွင်၊ ဂါဘရီရယ် သည် သူ၏ဆံပင်များကိုဖြတ်၍ လက်ကိုဆွဲထုတ်ကာ ရေချိုးခန်းတံခါးကိုမှီကာ လှုပ်ရမ်းကာ အသက်ရှုသွင်းကာ မွေးကင်းစခွေးလေးကဲ့သို့ သူ၏ခြေထောက်များ မတည်မငြိမ်ဖြစ်နေသည်။ ရုတ်တရက် သူ၏ တောင့်တင်းသော လက်ချောင်းများက သူ့ကိုယ်သူ ထွေးလိုက်ကာ အပူဒဏ်ကို ရှူရှိုက်မိသွားသလို ခံစားလိုက်ရသည်။
ကျိန်စာအလား တိုးတိုးတိတ်တိတ် ညည်းညူသံက သူ့နှုတ်ခမ်းတွေကနေ ထွက်ပေါ်လာခဲ့တယ် ။ သူ့ထိန်းချုပ်မှုက ဆံချည်မျှင်ကဲ့သို့ ယဲ့ယဲ့လေးသာကျန်တော့သည်။ သူ့ဆံပင်တွေကို ကောက်ကိုင်လိုက်ပြီး မှိန်းနေတဲ့ ပယင်းမျက်လုံးတစ်စုံကို တွေ့လိုက်တဲ့အခါ သူမရဲ့ခြေထောက်တွေ ကိုဖမ်းဆွဲကာ သူ့အတွက် ခပ်ကျယ်ကျယ်ဟထားလိုက်စေချင်တာ နတ်ဆိုးအသိပင်...
သူမကိုဆန္ဒနောက်လိုက်ပြီး အထပ်ထပ်အခါခါဝါးမြိုမိချင်တယ်။ အမျိုးသမီးတွေနဲ့ပတ်သတ်လာရင် ထိန်းချုပ်နိုင်ပြီး ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးကိုင်တွယ်နိုင်တဲ့သူ တယောက်ဖြစ်လင့်ကစား၊ ဒီလိုအမျိုးသမီးတယောက် ကိုမြင်ရုံနဲ့ တင်ဆာလောင်လာတဲ့ သားရဲတကောင်လိုမဖြစ်ဖူးချေ။ အမျိုးသမီးတွေတချို့ကလည်း သူလိုချင်လာခဲ့ရင် အလိုတူကြည်ဖြူမည်သူများသာ။
ဒါပင်မယ့် သူမရဲ့အေးစက်လာတဲ့ခြေထောက်တွေ ပေါင်တလျှောက် ကြက်သီးတွေ ထလာတာကိုမြင်တဲ့အခါ သူရှေ့တက်မတိုးနိုင်တော့ပေ။
သူမကို အချိန်ကြာကြာထိ ထိတွေ့ခွင့် မပြုနိုင်လေလေ သူမကို ပိုလိုချင်လာလေဖြစ်ကြောင်း သူသဘောပေါက်လာသည်။ သူသည် သူမကိုပိုင်ဆိုင်ရန် အမှန်တကယ်ပင် သေလုမျောပါးဖြစ်နေသည်။
ESTÁS LEYENDO
ညို့မှိုင်းယစ်ငင်
Fantasíaခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...