unicode
"ငါတို့ စေ့စပ်ပွဲကို အဆုံးသတ်လိုက်ရအောင် တီယာ" ဂါဘရီရယ်သည် လေသံ မာမာဖြင့် ပြောလိုက်သည်။ လသာဆောင်ရှိ လေထုသည် အံ့သြလောက်အောင် အေးစက်သွားခဲ့သည် ။ ဂါဘရီရယ် သည် ဒီကိစ္စကို အမှန်တကယ် မေ့သွားသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ သူ့ဇနီးကို နန်းတော်ထဲမခေါ်ခင် တီယာနဲ့ အရင်ရှင်းခဲ့သင့်သည်။ ဒါပေမယ့် တီယာ နဲ့ သူအရင်က စေ့စပ်ထားတဲ့ ကိစ္စကို သူ့စိတ်ထဲ လုံးဝ မေ့သွားခဲ့တာ။ အစကတည်းက သူ့စိတ်ထဲမှာ သိပ်ပြီး အလေးမထားဖြစ်ခဲ့။ အခုတော့..... သူမြို့တော်ကိုရောက်ရောက်ချင်း သူဇနီးအိပ်ပျော်နေတဲ့ အချိန်ကတည်းက တီယာနဲ့သွားပြောခဲ့သင့်တာ။
"မလုပ်ဘူး" တီယာ ချက်ချင်းတုန့်ပြန်လိုက်သည်။ ဂါဘရီရယ် အပေါ်သူမ၏အကြည့်သည် လေးနက်နေသည်။ ဂါဘရီရယ် ဘယ်လိုပြောပြော သူမ အရှုံးပေးမည်မဟုတ်။
တီယာ ၏အဖြေကို ဂါဘရီရယ် အံ့သြမိသည်။ သူမငြင်းလိမ့်မယ်လို့မထင်ခဲ့မိပေ။ သွေးစုပ်ဖုတ်ကောင်များအတွက် စေ့စပ်ပွဲများသည် ကတိကဝတ်များကဲ့သို့ လေးနက်သည်။ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုတစ်ခု ဖြစ်ခဲ့ရင် ပိုပြီးတောင် အလွယ်တကူ ဖြတ်တောက်ခြင်း မပြုနိုင်ပေ။ နှစ်ဦးနှစ်ဘက် အပြန်အလှန်သဘောတူဖြတ်သိမ်းမှသာလျှင် စေ့စပ်မှုကို တရားဝင်ဖြတ်တောက် နိုင်မည်ဖြစ်သည်။ တစ်ယောက်ယောက်က ငြင်းရင် စေ့စပ်ပွဲကို ဘယ်သူမှ ဖျက်လို့မရဘူး။ ထို့ကြောင့် ဂါဘရီရယ် သည် တီယာ နှင့် အတင်းအကြပ် စေ့စပ်ထားရတာကို မုန်းတီးခဲ့သည်။ တီယာ ၏ဖခင်သည် ဧကရာဇ် မင်းမြတ်၏သစ္စာစောင့်သိသောဗိုလ်ချုပ်ဖြစ်သောကြောင့် ဧကရာဇ်မင်းသည် ဤစေ့စပ်ပွဲအား အစီအစဉ်ဖြင့်ချည်နှောင်ပေးထားခြင်းသာ။
ဂါဘရီရယ် သည် တီယာကို မမုန်း၊ သူမလည်းငယ်ရွယ်သေးတာကြောင့် သူမအပြစ်မဟုတ်ပေ။
တီယာ သည် စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် သူ့ကို ဘယ်သောအခါမှ ကပ်တွယ်ခြင်းမရှိခဲ့ပေ။ အင်ပါယာမှ မထွက်ခွာမီတွင် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စကား ပြောဆိုရန်အချိန်ပင် ရှားပါးလှသည်။ သူတို့ဟာ အရင်က တစ်ယောက်နဲ့တစ်ယောက် အချစ်ရေး အဆက်အသွယ်တွေ ဖန်တီးဖို့တောင် တစ်ခါမှ မကြိုးစားဖူးတာကြောင့် ဂါဘရီရယ် ဟာ သူ့မှာ စေ့စပ်ထားသူ ရှိတယ်ဆိုတာ တစ်ခါတလေတောင် မေ့သွားတတ်သည်။ တီယာလည်း တူတူပဲလို့
YOU ARE READING
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...