အခန်း (၅) ခရီး

577 41 1
                                    

unicode

"ဘယ်သူကမှ မင်းကို နာကျင်အောင်လုပ်ခွင့်မရှိဘူး၊ ကိုယ်ဆိုရင်တောင်မှပေါ့။ ဒါကြောင့်မင်းကြောက်နေစရာ ဘာမှမလိုဘူး" သူက
ညှင်သာစွာ ထပ်ပေါင်းပြောလိုက်ပြီး အီဗီတောင် သတိမထားမိလိုက်ခင်မှာပင် သူမအပေါ် ဂါထာမန္တာန်ရွှတ်ဆိုလိုက်သည့်သဖွယ် သူမ နာခံလိုက်မိတော့သည်။

သူ နေရာရွေ့လိုက်ပြီး သူမအတွက် ကိုယ်ပိုင်နေရာချန်ထားပေးခဲ့ကာ ထို့နောက်တွင် သူမ၏ခန္ဓာကိုယ်တစ်ဝက်သည် ထိုသူ့အပေါ်တွင် လဲလျောင်းနေပြီး သူမ၏ နောက်ကျောက ထိုသူ၏ ရင်ဘတ်ပေါ်တွင် မှီထားပြီး သူ့လက်များသည် သူမကို ရစ်ပတ်လျက် ပွေ့ဖက်ထားကာ ရထားလုံး ဒယိမ်းဒယိုင်ရှေ့ဆက်သွားနေသည့်အချိန်တိုင်းတွင် သူမကို လုံခြုံအောင် ပွေ့ဖက်ပေးထားသလိုပင် ဖြစ်နေခဲ့သည်။ ကြည့်ရတာတော့ သူမမြင်းလှည်းစီးရတာမူးဝေးနေတာကြောင့် လွယ်လွယ်ကူကူပဲ သူပြောတာကိုနာခံလိုက်မိတာဖြစ်ရမည်။ ထို့အပြင် သူပြောလာတဲ့စကားတွေက သူမကိုစိတ်လုံခြုံပေးနေသလိုဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ထို့နောက် သူမ၏ ခေါင်းနောက်ပိုင်းသည် ထိုသူ၏ တောင့်တင်းကာ မာကျောသည့် ရင်ဘတ်ပေါ်သို့ မှီလဲလိုက်ပြီးနောက် သူမ သက်သောင့်သက်သာ အနားယူလိုက်ချိန်တွင် ရုတ်ချည်းဆိုသလို ကူရှင်တစ်ခုပေါ်လဲလျောင်းနေရသလို ခံစားလိုက်ရသည်။

အဲလိုအရာမျိုးကို သူမ ပထမဆုံး တွေ့ကြုံဖူးတာပင်။ အရင်တုန်းက ဘယ်ယောကျာ်းကိုမှ သူမကို ထိုကဲ့သို့ ပွေ့ဖက်ချင်းကိုခံရဖူးခြင်းမရှိပေ။ အိပ်ပျော်လုနီပါး အခြေအနေမှာတောင်မှ ထိုသူ သူမကို ပွေ့ဖက်ထားချိန်တွင် သူမ၏ ခန္ဓာကိုယ်က ထူးဆန်းစွာ တုံ့ပြန်တာကြောင့် သူမ ခံစားချက်ပြင်းပြင်းကို ခံစားလိုက်ရပြီး အံအားသင့်စရာ‌အကောင်းဆုံးကတော့ သူမ မမုန်းမိပေ။ ဗန်ပိုင်းယားတစ်ကောင်နှင့် ခန္ဓာကိုယ်ချင်း ရင်းနှီးတာမျိုးကိုမဆို သူမ ရွံရှာမိမည်ဟု ထင်ထားခဲ့တာကြောင့် ထိုအရာက သူမအတွက် လုံးဝကိုအံ့ဩစရာဖြစ်နေခဲ့သည်။

သို့သော်လည်း သူမ အတွေးတွေကို ရပ်လိုက်ကာ သူမက ဒီလို ထူးဆန်းလှသည့် အခြေအနေမျိုးမှာ ရောက်နေတာကြောင့် ထိုကဲ့သို့ ခံစားနေရသည်ဟု တွေးလိုက်သည်။ ထို့အပြင် ဒီနေ့မှာ သူမ အရမ်းပင်ပန်းထားလို့လည်း ဖြစ်နိုင်ပါသည်လေ။

ညို့မှိုင်းယစ်ငင်Tahanan ng mga kuwento. Tumuklas ngayon