unicode
"ဧကရာဇ်မင်းမြတ်က သူ့ပုံသဏ္ဌာန်ကိုမြင်ပြီးတာနဲ့ သူ့သားကို သတ်ပစ်မယ်ဆိုတာ သိတဲ့အတွက် နှောင်းဧကရီက သူ့သားကို ဒီလိုနေရာမျိုးမှာ ဝှက်ထားခဲ့ပါတယ်။ အဲဒါကြောင့် ကွယ်လွန်သူ ဧကရီ ကိုယ်တိုင်ကလွဲလို့ အရှင့်သားအသက်၁၆နှစ်အထိ ဘယ်သူမှ မတွေ့ဖူးပါဘူး။ " အယ်လီးယက်စ် က ဆက်ပြောသည် ။ "ဧကရီက မင်းသား ဂါဘရီရယ် တည်ရှိမှုကို ထုတ်ဖော်ပြသသောအခါ တော်ဝင်နန်းတော် တုန်လှုပ်သွားခဲ့သည်။ ထိုအချိန်က မင်းသား ဂါဘရီရယ် ၏ မျက်လုံးများသည် နီမြန်းလာပြီး ဆံပင်များသည် အညိုရင့်ရောင် ဖြစ်နေသည်။ နှောင်းဧကရီသည် ဘုရင်မကြီးအား တမင်တကာ အငတ်ထားခဲ့ခြင်းကြောင့် သူ့မျက်လုံးများ တစ်ချိန်လုံး နီရဲနေကာ ဆံပင်ဟာလည်း မွဲခြောက်လျက်ရှိနေသည်။ သူမသည် ဘုရင်မင်းမြတ်၏ တည်ရှိမှုကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားရသည့် အကြောင်းအရင်းမှာ မင်းသားလေးရဲ့မျက်လုံးအရောင်ကြောင့်ဖြစ်ပြီး သူများတွေကို အန္တာရယ်ပေးမှာစိုးလို့ဆိုပြီး ေပြာလာခဲ့သေးသည်။
ဧကရီနှင့် ဧကရာဇ်၏ဆက်ဆံရေးသည်ကောင်းမွန်သောဆက်ဆံရေးတစ်ခုမဟုတ်ကြောင်း လူတိုင်းသိကြပြီးဖြစ်သောကြောင့် ဧကရာဇ်သည် ဧကရာဇ်မင်းအပေါ် မနှစ်သက်ကြောင်း ပြောင်ပြောင်တင်းတင်းပြောကာ မယားငယ်ကို နှစ်သက်ကာ တရားဝင်မယားကြီးအစား ဒုတိယ ကိုယ်လုပ်တော်ကို အလွန်ချစ်ပါသည်။ ဧကရီက သူ့သားကို ဖုံးကွယ်ထားရတဲ့ အကြောင်းရင်းကို သူတို့ နားလည်ကြသည်။ ဧကရာဇ်မင်းဟာ ဧကရီနဲ့မဟုတ်ပဲ ဒုတိယကိုယ်လုပ်တော်က မွေးတဲ့ကလေးက သားဉီးဖြစ်နေခဲ့တာကြောင့်မင်းသားနှစ်ပါးကြားတွင် အာဏာလွန်ဆွဲပွဲဖြစ်မည်ကို သူတို့အားလုံး သိကြသည်။ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဥပဒေက ရာဇပလ္လင်ကို အမွေဆက်ခံဖို့ ပထမဆုံးမွေးဖွားသူကို အမြဲလိုအပ်နေတာကြောင့် ဒုတိယ ကိုယ်လုပ်ေတာ်ရဲ့သားဟာ ကြီးမားတဲ့ အားသာချက် တစ်ခုဖြစ်ပေမယ့် မင်းသား ဂါဘရီရယ် က တရားဝင်မယားကမွေးတဲ့သားတော်ဖြစ်လို့ ထီးနန်းရပိုင်ခွင့်ကိုလည်း ငြင်းလို့မရပါဘူး။ ဒါကြောင့် ဘုရင်မကြီးက သူ့သားကို ဘာကြောင့် ဒီလောက်ကြာအောင် ဖုံးကွယ်ထားရသလဲဆိုတဲ့ ရှင်းပြချက်ကို အရာရှိတွေက လက်ခံခဲ့ကြသည်။
ESTÁS LEYENDO
ညို့မှိုင်းယစ်ငင်
Fantasíaခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...