အခန်း (၉) နှေးလိုက်တာ

434 38 4
                                    

unicode

ယောက်ျားများသည် မျက်ခုံးတွန့်ကာ ခေါင်းများကို ဘယ်ညာတဖက်စီလှည့်ကာကြည့်လိုက်မိကြသည်။ သူတို့၏မျက်နှာများတွင် ထင်ရှားစွာပုံဖော်ထားသလို ရှုပ်ထွေးမှုများရှိနေသော်လည်း လူတိုင်းက ချက်ချင်းနာခံလိုက်ကြပြီး သူတို့၏အင်္ကျီများကို ချွတ်လိုက်ကြသည်။

"အဲ့တာတွေ ငါ့ကိုပေး" ဂါဘရီရယ် က အမိန့်ပေးလိုက်သောအခါ သူ့ကိုကြည့်နေတဲ့ ဇမ်မြူရယ် မှလွဲ၍ အခြားလူများသည် တယောက်ကိုတယောက် အချင်းချင်း တစ်ချက်ကြည့်လိုက်မိသည်။

ထို့နောက် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရထားလုံးနားသို့ ချဉ်းကပ်လာကာ  ဖုန်မှုန့်များနှင့် အညစ်အကြေးများကို ဖယ်ရှားပြီး သပ်ရပ်စွာ ခေါက်ထားသော ဝတ်ရုံများကို မင်းသားလေးထံသို့  ပေးလိုက်ကြသည်။ ဗန်ပိုင်းယားမင်းသားလေး၏ မျက်နှာသည် လေးနက်လွန်းသဖြင့် သူဘာလုပ်တော့မည်ကို မည်သူမျှ မမေးဝံ့ပေ။ ယောက်ျားများသည် ထိုဝတ်ရုံအားလုံးနှင့် သူဘာလုပ်ရန် ရည်ရွယ်ထားသည်ကို ကြည့်ရန်သာ စောင့်ဆိုင်းနိုင်တော့သည်။ ထို့နောက် သူတို့သည် သူ့ကို ဂရုတစိုက်ကြည့်နေရင်းမှာဘဲ လူသားမိန်းကလေးကို သူတို့၏ ၀တ်ရုံများဖြင့် ဖြည်းညှင်းစွာ ပတ်ရစ်လိုက်သည်ကိုမြင်ကြရတော့လေသည်။

အဲ့ဒီအချိန်မှာ အံ့ဩတုန်လှုပ်သွားကြကာ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်များအဟောင်းသား​ဖြစ်သွားကြသည်။ သူတို့၏မင်းသားလေးသည် နှေးကွေးစွာ ရွေ့လျားနေသဖြင့် သူတို့အတွက် လိပ်တစ်ကောင်သည် သူ့ထက် မြန်နေပေလိမ့်မည်။ ဗန်ပိုင်းယား များသည် လျင်မြန်စွာ လှုပ်ရှားကြပြီး ဤမင်းသားအတွက် ထိုနည်း၎င်းပင်။ တကယ်တော့ မင်းသား ဂါဘရီရယ် ရဲ့ အမြန်နှုန်းသည် လွန်စွာမှကိုမြန်လွန်းသဖြင့်မည်သူမျှပင်မယှဉ်နိုင်သော်လည်း အခုအချိန်မှာ အရမ်းနှေးကွေးနေတဲ့ သူ့ကို ကြည့်လိုက်ရုံနဲ့ သူတို့ နှလုံးသွေးအန်လုမတတ် ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲ။ သူဘာကြောင့် ဒီလောက် နှေးကွေးနေရတာလဲ။

မင်းသားလေးရဲ့ လုပ်ရပ်ကို ကျိုးကြောင်းဆင်ခြင်ဖို့ ဒီလူတွေဟာ ဘယ်လိုပဲ ကြိုးစားနေပါစေ နားမလည်နိုင်ကြပေ။ ပျော့ညံ့တဲ့ မိန်းမတွေအကြောင်း သူတို့သိပေမယ့် သူက နည်းနည်းတော့ လွန်လွန်းတယ်မဟုတ်လား။ ဒါမှမဟုတ် သူ့ကို နှိုးရမှာ ကြောက်နေသလား။ ဒါပေမယ့် သူမကို နှိုးဖို့ ဘာကြောင့် ကြောက်နေရတာလဲ။ သူတို့အတွက် ယုတ္တိရှိလောက်တဲ့ အဖြေကို သူတို့ မစဉ်းစားနိုင်ကြချေ။

ညို့မှိုင်းယစ်ငင်Where stories live. Discover now