အခန်း (၁၀) ကိုယ်ပြောတာရှင်းရဲ့လား။

457 44 4
                                    

unicode

အီဗီ သည် သူ့ကိုယ်သူ စူးစမ်းလေ့လာလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင် ထူးထူးခြားခြား ဘာမှမတွေ့ရပေ။ ဗန်ပိုင်းယားမင်းသားလေးဟာ သူမအိပ်ပျော်နေစဥ်မှာ သူမကိုဘာမှမလုပ်လောက်ဘူးလို့ စိတ်ထဲကယုံကြည်နေမိသည်။

သူမ အိပ်ပျော်နေသော သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် တင်းမာနေသောသူမ၏ ပုခုံးများကို ဖြေလျှော့လိုက်တော့သည်။ သက်ပြင်းရှည်ကြီးတစ်ခုက အခန်းတစ်ဝိုက်ကို လှည့်မကြည့်မီ နှုတ်ခမ်းများ လွတ်ထွက်သွားသေးသည်။ ယခုအခန်းမှာ ကျယ်ဝန်းပြီး ပြတင်းပေါက်များကို ထူထဲသော ရောင်စုံခန်းစီးများဖြင့် ဖုံးအုပ်ထားသည်။ မျက်နှာကျက်ကလည်း အရမ်းမြင့်ပြီး အနည်းငယ်မှောင်နေသော်လည်း သူမသည် နေ့အလင်းရောင်ဖြစ်ကြောင်း ပြောနိုင်သည်။ ဒါဆို သူမ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ။ သူမတို့ အမှောင်ချိုင့်ဝှမ်းကနေ ဖြတ်သွားပြီးသွားပြီလား။

ဒါပေမယ့် ဒီအခန်းရဲ့ အရွယ်အစားကို ကြည့်မယ်ဆိုရင် ကြီးမားလှတဲ့ ရဲတိုက်ကြီးရဲ့ အိပ်ခန်းအကြီးတစ်ခုလို့ ထင်ရသည်။ နယ်စပ်တစ်လျှောက် ပထမဆုံးရွာမှာ ဒီလိုရဲတိုက်ကြီးရှိသလား။ ဒါမှမဟုတ် အဲ့ရွာမှာမဟုတ်တော့တာလား။

နောက်ဆုံးတော့ သူမဟာ သူနဲ့ သူ့သူငယ်ချင်းတွေအားလုံး ငရဲလိုနေရာတစ်ခုအဖြစ် စိတ်ကူးယဉ်ခဲ့တဲ့တိုင်းပြည်မှာ နေရတော့မယ်ဆိုတဲ့တွေးကြောင့် သူမခန္ဓာကိုယ်ကို ကျုံ့ထားမိလိုက်တော့သည်။ သူမသည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိသော်လည်း သူမ၏ဗိုက်တွင်း၌ ထူးထူးခြားခြား နာကျင်နေသယောင်ယောင်-သိစိတ်နှင့်မသိစိတ် ကြောက်ရွံ့မှုတို့ကြောင့် သူမ၏နှလုံးကို မထိန်းချုပ်နိုင်အောင် တုန်ခါစေသည်။ သွေးစုပ်ကောင်တွေပဲရှိတဲ့ ဒီတိုင်းပြည်မှာ သူမ ဘာဖြစ်သွားမလဲ။ သူမ စိတ်ထဲတွင် မဲ့ပြုံးလေးပင် ပြုံးလိုက်မိသည်။ ထို့အပြင် သူတို့သည် စစ်မှန်သော သွေးစုပ်ကောင်များ ဖြစ်ကြသည်၊ အပြောသက်သက် မဟုတ်ပေ။

"နောက်ဆုံးတော့ မင်းနိုးလာပြီပဲ" သာယာပြီး အိပ်ချင်မူတူးဖြစ်နေသော အသံကြောင့် သူမပုခုံးများကဆတ်ခနဲ့လှုပ်ရှားသွားရပြီး ကျောရိုးများကလည်းဖြောင့်တန်းသွားရသည်။ သူမ၏ခေါင်းသည် မင်းသားနဲ့ ပွတ်တိုက်မိသွားသော်လည်း ကုတင်ပေါ်မှထကာ သူမကို ကျောပေးထားနှင့်ပြီဖြစ်သည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora