unicode
"ကိုယ့်မိန်းမက ဒီလောက်တော်တဲ့ လေး သမားလို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။"
ဂါဘရီရယ် ၏ အသံကနူးညံ့သိမ်မွေ့နေသော်လည်း အီဗီ က သူ့ကို မော့ကြည့်ဖို့ပင် မလှုပ်ပေ။ ရုတ်တရက် နှလုံးခုန်သံများ မြန်လာသည်နှင့်အမျှ သူမသည် ထိုနေရာတွင် ရိုးရှင်းစွာ ရပ်နေကာ တောင့်တင်းနေသည်။အိမ်ဖော်များနှင့် အယ်လီးယက်စ် က သူ့အား နှုတ်ဆက်နေသံကြားရသည်။ သူမလည်း နှုတ်ခွန်း ဆက်သဖို့ လိုအပ်ကြောင်း သိသည်။ သို့သော် အီဗီသည် သူမအတွင်း၌ လှိုင်းထန်နေသော ခံစားချက်များ— ဒေါသ၊ အိမ်လွမ်းခြင်း နှင့်... သူ့ထံတွင် ပို၍ပင် တောက်လောင်နေသော မလိုလားအပ်သော ခံစားချက်များ လုံးလုံးလျားလျား လွှမ်းသွားသည်။ ဘာလို့လဲ.....
သူမဘာလို့ဒီလိုခံစားရတာလဲ။ သူ့ရဲ့တည်ရှိနေမှုက သူမကို လှုပ်ခတ်သွားစေဖို့လုံလောက်သည်။
ဖြည်းညှင်းစွာ၊ အီဗီ က သူ့ကိုယ်သူ စိတ်တင်းကာ သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ သူက သူ့ကို ပြုံးပြလာသည်။ မနေ့ညကတည်းက သူမကို ခြောက်လှန့်စေခဲ့တဲ့ ကြေကွဲဖွယ်အပြုံးကို မြင်လိုက်ရတော့ သူမ တောင့်ခဲသွားရသည် ။
အီဗီ သည် လှုပ်လည်းမလှုပ် ဘာမှလည်းပြောပေ။ သို့သော် သူမဆီသို့ ခြေတစ်လှမ်းလှမ်း လိုက်သောအခါတွင် သူမအလိုအလျောက် နောက်ပြန်ဆုတ်သွားခဲ့သည်ကို သူသတိထားမိသွားသည်။
မင်းသားလေး၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ သူမ၏ တုံ့ပြန်မှုကြောင့် သူ၏ အပြုံးသည် မှိန်သွားသည်။ သို့သော်လည်း သူသည် သူမနှင့် နီးကပ်လာအောင် ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်သည်။ သူမ၏နှလုံးသည် ပို၍ပိုမြန်လာကာ သူမကိုယ်သူမ ပိုပို၍ ကြောက်ရွံ့လာသည်ကို တွေ့ရှိရသည်။ သူမ၏ ခန္ဓာကိုယ်သည် သူမမှတ်မိသလို မကြိုက်သည့်ပုံစံဖြင့်သာ တုံ့ပြန်နေခဲ့သည်။
သို့သော် သူသည် သူမထံသို့ ရောက်ရှိရန် သုံးလှမ်းမျှအလိုမှာ ရပ်တန့်ခဲ့သည်။ လီဗိုင်း သူ့နောက်မှရှိတာကိုအာရုံခံမိပြီးနောက် အီဗီ ရှေ့ကနေ ရှောင်ထွက်သွားခဲ့သည်။

YOU ARE READING
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...