အခန်း (၁၆) : လူသားတယောက်

345 34 2
                                    

unicode

"ဂါဘရီရယ် က မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်လို့ မျှော်လင့်ပါတယ်၊
လေဒီ-အီဗလင်း၊ သူကမင်းလို အမျိုးသမီးလေးကိုဘယ်လိုညင်သာရမလဲ မသိမှာစိုးရိမ်လို့ပါ။" အိမ်ရှေ့မင်းသည် နှိမ့်ချသော အသံဖြင့် ပြောသည်။ အီဗီ သည် မျက်မှောင် ကြုတ် လုနီးပါးဖြစ် သော်လည်း သူမထိန်းချုပ်ထားလိုက်သည်။ သူကသူမကိုတကယ်စိတ်ပူနေပုံပေါက်နေပြီး ဂါဘရီရယ် ကိုသိက္ခာချချင်ပုံမပေါ် ဟု သူမထင်မိသည်။ ဒါ​ပေမယ့်​ သူဘာလို့ အရင်​ကတည်းက မစိုးရိမ်​​ရတာလဲ။

"မင်းသား ဂါဘရီရယ် က ကျွန်မကို ကောင်းကောင်း ဆက်ဆံပါတယ်။ သူက..." သူမတို့ မင်္ဂလာ​ေဆာင်ပြီးသည့်ညမှစ၍သူမအပေါ် ဘယ်လောက်တောင် နူးနူးညံ့ညံ့ဆက်ဆံခဲ့လည်းဆိုတာ သူမပြန်သတိရသွားသည်။ "သူက ကျွန်မအပေါ် အရမ်းညှင်သာပါတယ် အိမ်ရှေ့မင်းသား"

"ဒါဆို တော်သေးတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းကိုတော့ကိုယ်သတိပေးပါရ​ေစ။ သူက အန္တရာယ်ကင်းတယ်လို့ ထင်ရပေမယ့် အန္တရာယ်ရှိတဲ့ လူတစ်ယောက်ပါ။ ဒါကိုတော့ စိတ်ထဲမှာ မှတ်ထားစေချင်တယ်။ ပြီးတော့သူ့ကို ဘယ်တော့မှ ဒေါသထွက်အောင်မလုပ်ပါနဲ့။"

အီဗီ က သူ့မျက်နှာကို ဆက်မထိန်းထားနိုင်တော့ပေ။ ဒီမင်းသားက သူ့ကို ဘာကြောင့် ဒီလိုမျိုး ပြောနေမှန်း သူမ နားမလည်ဘူး။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတာ ဒါပထမဆုံးအကြိမ်လေ၊ ပြီးတော့ သူတို့နှစ်ယောက် လုံးကအခုမှ စကားအနည်းငယ်သာပြောရသေးသည်။ သူမရဲ့စိတ်ထဲက ဂါဘရီရယ် ရဲ့ပုံရိပ်ကိုဖျက်စီးဖို့ကြိုးစားနေတာလား။ ဒါပေမယ့် ဒါကသူ့ရဲ့ရည်ရွယ်ချက် မဟုတ်လောက်ဘူး။ ဒါဆိုဒီအကြောင်းအရာတွေကို ဘာလိုလာပြောပြနေရတာလဲ။ သူ့ကို ေခြာက်လှန့်ဖို့ ကြိုးစားနေတာလား။

"အိမ်ရှေ့မင်းသား စိတ်ပူပေးတာကို ကျွန်မကျေးဇူးတင်မိပါတယ်။ ဒါပင်မယ့် သွေးစုပ်ဖုတ်ကောင် တွေဟာ ကျွန်မလိုလူသားတစ်ယောက်အတွက် အန္တရာယ်ရှိတယ်ဆိုတာ သိပါတယ်။ သူမှမဟုတ်ပဲ တခြားဘယ်သူကိုမှ အတတ်နိုင်ဆုံး အနှောက်အယှတ်မပြုမိအောင် နေပါ့မယ်။" အီဗီ က အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြင့် တုံ့ပြန်လိုက်သည်။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora