အခန်း (၄၆) ကိုယ့်ကိုနမ်းပါ။

445 21 0
                                    

unicode

"အီဗီ..."

ဘာလုပ်ရမှန်းမသိဘဲ၊ ဂါဘရီရယ် သည် သူ့လက်များကို ဖြည်းညှင်းစွာ မလိုက်ကာ သူမ၏မျက်နှာကို ညှင်သာစွာ တို့ထိလိုက်ကာ သူမ၏နားရွက်အောက်တွင် တင်ထားလိုက်သည်။ သူမ၏ ပါးပြင်များက အေးစက်နေသဖြင့် သူ့နှလုံးသားကို ပို၍ပင် နာကျင်စေသော်လည်း အနာကျင်​စေဆုံးမှာ သူမ မျက်ရည်များပင်။ "တောင်းပန်ပါတယ်..." သူ့အသံက အနည်းငယ် အက်ကွဲသွားပြီး သူတို့ကြားက နေရာလွတ်တွေကို ဖြိုခွဲ​လိုက်ပြီး သူ့မဆံပင်တွေကြားထဲ သူရ​ဲ့မျက်နှာကို မြှုပ်ထားမိလိုက်၏။ "တောင်းပန်ပါတယ်.. ဒါက နားလည်မှုလွဲတာ.. အဲဒီအမျိုးသမီးတွေ.. တစ်ခါမှ ခွင့်မပြုဖူးဘူး....မြို့စားက.. ဒီကိုခေါ်လာတယ်ဆိုတာ သိတောင်တောင်မသိပါဘူး။"

သူတတ်နိုင် သလောက် မြန်မြန်ရှင်းပြလိုက်သည်။

"ကျေးဇူးပြုပြီး မငိုပါနဲ့၊ ကိုယ် မနေ့ကကတည်းက ရဲတိုက်အပြင်ဘက်မှာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဧကရာဇ်က မြို့ကိုတိုက်ဖို့​လာနေတယ်ဆိုတဲ့ သတင်းကို ရုတ်တရက်ကြားလိုက်တာနဲ့ ရုတ်တရက် လန့်သွားရတာ။"

အီဗီ သည် သူမကြားသည့်အရာကို မယုံနိုင်ဖြစ်သွားသည်။ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း နွေးထွေးမှု ၊ စိတ်ပျက်အားငယ်နေတဲ့ လေသံ ၊ သူ့အသံမှာကွဲအက်​ေနတယ် ... သူ့ရဲ့ တောင်းပန်ချက် နဲ့ ရှင်းပြချက်တွေ ၊ သူမ ခံစားနေရတဲ့ အခိုက်အတန့် ဟာ ပြောမပြတတ်လောက်အောင်ပါပဲ ၊ သူမ ပိုလို့တောင် ငိုမိတော့သည်။ သူမကို နာကျင်စေသော ဝေဒနာကြောင့် ဤကဲ့သို့ ငိုရခြင်းမဟုတ် ၊သူ၏ ရှင်းပြချက်များကို ကြားလိုက်ရတဲ့အခါ သူမ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသော သက်သာရာရမှု ကြောင့်ပင် ငိုရခြင်းဖြစ်သည်။

မကြာသေးမီက သူရောက်ရှိနေခြင်းကို သူမမသိသေးခင် ထိန်းထားဖို့ ရုန်းကန်နေရသည့် ခံစားချက်များက ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ပေါက်ကြားလာကာ သူမကို စကားလာပြောတဲ့အခါမှာ သူမကိုယ်သူမ ငိုနေပြီဆိုတာ သတိမထားမိလိုက်ပေ။

ညို့မှိုင်းယစ်ငင်Donde viven las historias. Descúbrelo ahora