unicode
ရထားလုံးထဲတွင် တိတ်ဆိတ်မှုက ရစ်ပတ်လို့ထားပြီး မင်းသားလေးသည် သူ့ကိုယ်သူ ပိတ်လှောင်ထားသည့်နှယ် မျက်လုံးများကို ဆက်၍ ပိတ်ထားနေတုန်းပင်။
ညသည် တဖြည်းဖြည်းနက်လို့လာပြီး ဒီနေ့မှာ စိတ်အတက်အကျတွေအရမ်းများထားတာကြောင့် အီဗီသည် ယခုတွင် အလွန်ပင်ပန်းနေပြီး၊ ခေါင်းမူးတာကို ခံစားနေရရှာသည်။ သူမရဲ့ အခြေအနေကို သေချာလေးစဉ်းစားချင်နေသည့်တိုင် သူမ၏ စိတ်သည် တိမ်စိုင်တွေလို လွင့်မျောနေပြီး ဦးတည်ရာမဲ့စွာ ပျံ့နှံ့နေတော့သည်။ သူမရဲ့ မင်္ဂလာပွဲနဲ့ သူမလက်ထပ်ရမည့် ဗန်ပိုင်းယားရဲ့ အကြောင်းကို တွေးနေခဲ့တာကြောင့် ခုရက်တစ်လော သူမ အိပ်မပျော်နိုင်ဖြစ်နေခဲ့ပြီးနောက် ယခုအချိန်တွင် သူမကိုယ်သူမ ဇွန်ဘီတစ်ကောင်လို ခံစားနေရသည်။
သူမ မေ့လဲတော့မလို မူးဝေမှုကို ခံစားနေရပြီး သူမအိပ်ဖို့ အသင့်လျော်ဆုံး ကိုယ်အနေအထားကို ရှာဖို့ကြိုးစားနေခဲ့သော် လည်း စိတ်ပျက်စရာကတော့ သူမ အိပ်ပျော်တော့မယ်ဆိုလျှင် ရထားလုံးသည် လမ်းပေါ်က ကြမ်းတမ်းသည့် ချိုင့်ခွက်တွေအပေါ် ခုန်တက်သွားပြီး၊ သူမ နောက်တစ်ဖန်ထပ်နှိုးလာခဲ့တော့သည်။ တစ်ကြိမ်ဆိုလျှင် အလွန်ဆိုးရွားလွန်းကာ သူမ၏ ခေါင်းသည် နံရံနှင့် တိုက်မိတော့မလိုပင် ဖြစ်သွားရ၏။
ညကြီးမင်းကြီးမှာ ခရီးထွက်ဖူးတာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည့်တိုင် အီဗီ ကြံ့ကြံ့ခိုင်ရမည်ဆိုတာကို သိလေသည်။ သူမ၏ မင်္ဂလာပွဲသည် လျှို့ဝှက်ပွဲကြီးဖြစ်ကာ တော်ဝင်သွေးများနှင့် သူမ၏မိသားစုသာသိပြီး သာမန်လူတွေကတော့ သူတို့ရဲ့ အလယ်ပိုင်းထဲကို ဗန်ပိုင်းယားတွေ တိတ်တခိုး ဝင်လာတဲ့အကြောင်းတောင် မသိကြပေ။ ထို့ကြောင့်ပင် သူတို့၏ မင်္ဂလာပွဲကို ညအချိန်တွင် ကျင်းပကြတာဖြစ်ပြီး သူမနှင့်အတူ ရှိနေသည့် ဗန်ပိုင်းယားတွေကို မြို့သူမြို့သားတွေ တွေ့သွားကြမှာကို ရှောင်ကျဥ်နိုင်ဖို့ရာအတွက် နေမထွက်ခင် နယ်စပ်မျဥ်းကို ဖြတ်သွားဖို့ လိုနေလေသည်။
ထို့ကြောင့် သူမအထွန့်တက်လို့မရသလို ထိုအရာကလည်း သူမ လုပ်ဆောင်ရမည့် တာဝန်ထဲက တစ်စိတ်တစ်ဒေသဖြစ်လေသည်။
BẠN ĐANG ĐỌC
ညို့မှိုင်းယစ်ငင်
Viễn tưởngခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...