{Unicode}
Aesthetic Formula (美学公式)
အနုသုခုမရှုထောင့်မှနေ၍ လူ့ကိုယ်ခန္ဓာအား ပိုင်းခြားမည်ဆိုပါလျင် 0.618 ဟူသော ရွှေအချိုးသည် ဟော့ကျိရှောင်း၏ သုခုမမူဟန် စံနှုန်းတစ်ခုဖြစ်တော့သည်။ သို့ဖြစ်လေရာ သူ၏ တစ်ညအိပ် အဖော်ကို ရွေးချယ်ရာတွင်လည်း ထိုရွှေအချိုးနှင့် ဘောင်ဝင်သူကိုသာ ရွေးချယ်လေ့ရှိသည်။
မနက်ခင်းတစ်ခုတွင် နှိုးထလာခဲ့သည် တင်းယိနန်သည် သူ့ဘေးနားတွင် အိပ်စက်နေသူမှာ ဟော့ကျိရှောင်းဖြစ်နေလိမ့်မည်ဟု အိပ်မက်ပင် ထည့်မမက်ခဲ့ဖူးပါချေ။
ဟော့ကျိရှောင်း (Gong)
- ဗိသုကာ ဒီဇိုင်းပညာရှင်
- ငယ်စဥ်ကတည်းကပင် ဗိသုကာပညာရပ်တွင် ပါရမီရှင်ဟု သတ်မှတ်ခံရကာ ဆုပေါင်း မြောက်များစွာ ဆွတ်ခူးခဲ့ဖူးသူ
- လွှမ်းမိုးချုပ်ကိုင်လိုစိတ် အပြည့်နှင့် အထက်စီးဆန်သူတင်းယိနန်အတွက် ဟော့ကျိရှောင်း၏ ဂန္တဝင် အချူစကား
" စံနှုန်းမီ အလှတရားကို 0.618 လို့ သတ်မှတ်ထားခဲ့ပေမဲ့ ကိုယ့် မျက်စိထဲမှာတော့ လက်ထောက်တင်းကသာ တစ်ဦးတည်းသော အလှလေးပါ "
တင်းယိနန် (Shou)
- ဟော့ကျိရှောင်း၏ ကိုယ်ရေးလက်ထောက်
- အလုပ်လုပ်ရာတွင် စေ့စပ်သေချာသူ၊ အလုပ်ရှင်အပေါ် အမြဲ အလေးထားသူ၊ အဘက်ဘက်က ပြည့်စုံကာ အလုပ်ကို အလေးထားသည့် လက်ထောက်တစ်ဦး
- နွေးထွေးသည်၊ နူးညံ့သည်၊ အကင်းပါးသည်တင်းယိနန်၏ ကိုယ်ပိုင်မူ
" အလုပ်ကြိုးစားပြီး အမြင့်ကို တက်ဖို့ ရှေးရှုမယ်၊ အလုပ်နှင့် အချစ်သည် ဘယ်သောအခါမှ ရောနှောမှု မရှိစေရ "
~~~~~~~~~~~~~~~~~~~
ဘာသာပြန်သူမှာ ပြောစရာလေးရှိပါတယ်။
စာညွှန်းမှာ ဖော်ပြထားတဲ့အတိုင်း ဟော့ကျိရှောင်းက တစ်ညအိပ်ဖော်ရွေးတဲ့နေရာမှာတောင် စံနှုန်းအတိုင်း ရွေးတာပါ။ သူ့အရပ်ကလည်း 1.9m
ရှိတာမို့ တော်ရုံတည့်တည့်ပဲကြည့်ရင် 1.8m ရှိတဲ့သူတွေလောက်ပဲ မျက်စိထဲ တွေ့တယ်ပေါ့။ နံပါတ်ဝမ်းသမားမို့ အရပ်ခြောက်ပေနီးနီးရှိတဲ့ ဇီးရိုးသမားကို တစ်ညအိပ်အဖြစ် ရဖို့ရာ ခက်ခဲမယ်လို့ ထင်စရာရှိပေမဲ့ ဟော့ကျိရှောင်းအတွက်ဆိုရင်တော့ ရွေးစရာလူကို မထပ်ပါဘူးတဲ့။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...