(၅၁)

5.4K 675 21
                                    

{Unicode}

အခန်း (၅၁)

တင်းယိနန်သည် ဝါးပုစဉ်းကို ဟော့ကျိရှောင်းအိမ်၏ ဧည့်အိပ်ခန်း စားပွဲအံဆွဲထဲရှိ လက်စွပ်လေးနှင့်အတူ ထည့်သိမ်းထားလိုက်သည်။

အိမ်နေရာ ကျယ်လာသည်နှင့်အမျှ အရင်က အသုံးမလိုသည့် ပစ္စည်းများသည် ယခုအခါ လိုလိုမယ်မယ်အနေနှင့် သုံးခဲ့ရသည်ရှိသော်ဟူသည့် စိတ်ကူးဖြင့် သိမ်းဆည်းထားဖို့ ဖြစ်လာသည်။ သိမ်းရဆည်းရသည့် အလုပ်တစ်ခု ပိုလာသည့်တိုင် တင်းယိနန်မှာ ထိုပစ္စည်းများကို နေရာယူသည်ဟု မခံစားရတော့ဘဲ အနှီအသေးအဖွဲအရာများလေးကြောင့် ဘဝသည် အသေးစိတ်ကျကာ ပို၍စိတ်ဝင်စားစရာ ကောင်းလာသည်ဟုပင် ခံစားလာရ၏။

" ဒီစားပွဲကို တစ်ချက်ကြည့်ကြည့်၊ အနိမ့်အမြင့် လိုသလိုညှိလို့ရတယ် "

ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ် ထိုင်နေရင်း တင်းယိနန်သည် သူ့ဘေးနားတွင် ခြေထောက်ချိတ်လျက်သားနှင့် ထိုင်နေသည့် ဟော့ကျိရှောင်းဆီ တက်ဘလက်ကို ကမ်းပေးလိုက်ပြီး သူကမူ ဖုန်းကိုင်ကာ ကျသင့်ငွေကို ပြန်တွက်ကြည့်နေသည်။

ဟော့ကျိရှောင်းက မေးသည်။

" ဒါ ငါတို့ ကျို့ရှန်းမှာ သုံးတဲ့ဟာနဲ့ အတူတူပဲမလား "

" အဲ့ဟာထက် ဒါက နည်းနည်း ဈေးသက်သာတယ် "

တင်းယိနန်သည် ဖုန်းကို ချလိုက်ပြီး ဟော့ကျိရှောင်းအနား မှီထားရင်းက တက်ဘလက်ကို လက်ဖြင့် ထောက်လိုက်ကာ ဆက်ပြောသည်။

" ဒီတစ်ခုမှာ တပ်ထားတဲ့ မော်တာက မတူတော့လို့လေ "

" ဆုံးဖြတ်တာက မင်းသဘော "

ဟော့ကျိရှောင်းက တက်ဘလက်ကို တင်းယိနန်ဆီ ပြန်ကမ်းပေးလိုက်ပြီး

" ငါ့ မိန်းမကို ယုံပြီးသား "

တင်းယိနန်သည် လက်ထောက်အဖြစ် လုပ်နေစဉ်ကတည်းက ဟော့ကျိရှောင်း၏ အနက်ရောင်ကတ်မှာ သူ့လက်ထဲတွင်သာ အမြဲရှိခဲ့သည်။ ဟော့ကျိရှောင်းကလည်း သူ ဘာလိုလို တင်းယိနန်ကို ပြောလိုက်ရုံသာဖြစ်ပြီး ပစ္စည်းရောက်လာလျှင် လက်ခံလိုက်ရုံသာဖြစ်သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now