(၅၇)

4.7K 661 59
                                    

{Unicode}

အခန်း (၅၇)

နောက်တစ်ရက်တွင်လည်း ဟော့ကျိရှောင်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ထပ်သွားရပြန်ပြီး သူနှင့် ကောရိသာ ရုံးတွင် ကျန်ခဲ့သည်။

တင်းယိနန်သည် ဦးဆုံး လုပ်စရာရှိသည်ကို ပြီးအောင်လုပ်လိုက်ပြီးမှ ခွက်တစ်ခွက်ယူပြီး နားနေခန်းနေရာသို့ သွားကာ ကော်ဖီဖျော်သည်။ ဖျော်ပြီးသွားသည့်အခါ ကောရိကို လက်ယပ်ခေါ်လိုက်ပြီး သာမန်ပြောနေကျလေသံဖြင့်

" ရှောင်းကော်၊ ခဏလာပါဦး၊ စကားပြောကြရအောင် "

တစ်ညလုံး သေချာစဥ်းစားပြီးသည့်နောက်တွင် ထိုကိစ္စမျိုးဆိုသည်က မျက်နှာချင်းဆိုင် အကြေအလည်ဆွေးနွေးခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း တင်းယိနန် ခံစားမိသည်။ မက်ဆေ့ချ်ပို့ခြင်း၏ အကြီးမားဆုံးသော အားနည်းချက်မှာ တစ်ဖက်သား၏ လေသံနှင့် အမူအရာတို့ကို အကဲမခတ်နိုင်ခြင်းပင်။ ထိုသို့ အကဲမခတ်နိုင်လျှင် မခန့်မသင့်ပါက နားလည်မှုလွဲမှားသွားနိုင်၏။

ကွန်ပျူတာစခရင်နောက်တွင် ကွယ်နေသည့် ကောရိသည် လည်ပင်းကို ဆန့်လိုက်ပြီး တင်းယိနန်ဆီ ကြည့်လာသည်။ ထို့နောက် စားပွဲပေါ်ရှိ ခွက်ကို ကောက်ယူလိုက်ပြီး နားနေခန်းရှိရာဘက် လျှောက်လာသည်။

" ခုတလော ငါတို့ အလုပ်က အတော်လေးကို အောင်မြင်လာပြီ "

တင်းယိနန်သည် ကော်ဖီသောက်နေရင်း ကောရိကို ပြောနေ၏။

" ရုံးခန်းကိုတောင် 5A တိုက်ခန်းတွေဖက် ပြောင်းဖို့ စဥ်းစားထားလိုက်ပြီ "

တကယ်တန်းတွင်လည်း တိုက်ခန်းငယ်လေးတစ်ခုသည် ပုံမှန်ရုံးခန်းတစ်ခုအနေနှင့် သိပ်မသင့်တော်ချေ။ စတူဒီယို အရွယ်အစားကို ချဲ့ထွင်ပြီး ခိုင်မာသော စီးပွားရေးအငွေ့အသက် လွှမ်းခြုံနေသည့် ရုံးခန်းအဆောက်အအုံသို့ ပြောင်းလဲခြင်းသည် မလွှဲမရှောင်သာ လုပ်ဆောင်ရမည့် ရွေးချယ်မှုဖြစ်ပါ၏။

ကောရိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ရေနွေးတစ်ခွဲ ငှဲ့ယူလိုက်ရင်း

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now