(၉)

7.3K 1K 14
                                    

{Unicode}

အခန်း(၉)

တက္ကသိုလ် မတက်ရသေးခင် အချိန်အထိ တင်းယိနန်သည် သူ၏ နယ်မြို့လေးမှနေ၍ ဘယ်ကိုမှ မရောက်ဖူးခဲ့။

နောက်ပိုင်း တက္ကသိုလ် တက်ဖို့အတွက် သူ မြို့ကြီးကို လာရသည်။ တောကတက်လာသည့် အခြားကလေးတွေနှင့်မတူ၊ သူသည် မြို့သားတွေနှင့် ယှဥ်ပြိုင်ရာတွင် ဘယ်သောအခါမှ နောက်မတွံ့ခဲ့။ ပထမဦးစွာ သူသည် စစ်ရေးလေ့ကျင့်မှုတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သောကြောင့် ဓားကိုင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ နောက်ပိုင်း ကျောင်းသားရွေးကောက်ပွဲတွင်လည်း သူ၏ ရေပန်းစားမှုကြောင့် ကျောင်းသားခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြန်သည်။

သူ့ အတန်းဖော်များ၏ အမြင်တွင်မူ တင်းယိနန်သည် အဘက်ဘက်တွင် ထူးချွန်သူတစ်ယောက်ဖြစ်၏။ ကျောင်းတက်နေစဥ်ကာလအတွင်း တင်းယိနန်အား ကြိတ်၍ တစ်ဖုံ ပေါ်တင် တစ်မျိုး ချစ်ခင်သဘောကျသည့် အမျိုးသမီးလေးများမှာ မရှိဘူးဆိုပါလျှင် တစ်နှစ်ကို အနည်းဆုံး သုံးယောက်လောက်တော့ရှိသည်သာ။ သို့သော်လည်း တင်းယိနန်သည် သူ၏ လိင်စိတ်တိမ်းညွှတ်ရာမှာ ယောက်ျားလေးများဖြစ်ကြောင်းကို စောလျင်စွာပင် သတိပြုမိခဲ့သည်။ ထိုအကြောင်းအရာများကို ပို၍ ပို၍ နားလည်လာရချိန်တွင် သူသည် ဂေးတစ်ဦးဖြစ်ကြောင်းကို သေချာစွာ သိရှိသွားခဲ့၏။

ပြောရမည်ဆိုပါလျှင် ဟော့ကျိရှောင်းအား တင်းယိနန်ဘဝတွင် ပထမဦးဆုံး တွေ့ခဲ့ရသည့် မျိုးစိတ်တူသူအဖြစ် မှတ်ယူ၍နိုင်သည်။

အလုပ်ဝင်ပြီး မကြာခင်မှာပင် တင်းယိနန်သည် ဟော့ကျိရှောင်းကို အိမ်တွင် သွားဝင်ကြိုရသည်။ ဤတွင် မမျှော်လင့်ထားပါဘဲ သူ တွေ့လိုက်ရသည်က အိပ်ရာပေါ်ရှိ အဝတ်မပါသည့် အမျိုးသားနှစ်ဦး၏ ခန္ဓာကိုယ်တွေပင်။ ထိုခဏ၌ သူရရှိခဲ့သည့် ထိတ်လန့်မှုမှာ မြို့ကြီးတွင် ကြီးပြင်းလာသော ကလေးတွေသည် ကိုယ့်ဘာသာကိုယ် ထမင်းဟင်း ချက်မစားနိုင်သည်ကို တွေ့ရှိခဲ့ရခြင်းထက် မလျော့လှပေ။

သို့သော် အပေါ်ယံမျက်နှာပြင်တွင်မူ သူသည် တည်ငြိမ်ဆဲ တည်ငြိမ်မြဲ။ ယခု ကြုံတွေ့လိုက်ရသည့် ရုတ်တရက် ကားဘီးပေါက်သွားသည်ကို ကိုင်တွယ်နေသလိုပင် ဘာမှ ထူးခြားမသွား။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now