(၅၅)

4.9K 665 62
                                    

{Unicode}

အခန်း (၅၅)

စတူဒီယိုတွင် ရုံးသုံးပရိဘောဂများနှင့် ပစ္စည်းများ တပ်ဆင်ထားပြီးဖြစ်ကာ တစ်ခါက တင်းယိနန် နေထိုင်ခဲ့သည်ဟူသည့် သဲလွန်စတစ်စပင် မကျန်တော့။

တင်းယိနန် အိမ်သစ်သို့ ပြောင်းရွှေ့ပြီးမှ ပထမဆုံး ရောက်လာသည့် ဧည့်သည်မှာ တုန်တုန်ဖြစ်နေသည်။

သူတို့နှစ်ဦးစလုံးမှာ ငယ်စဉ်ကတည်းကပင် အဘိုးအဘွားတွေ လက်ထဲတွင် ကြီးပြင်းလာခဲ့ကြတာဖြစ်သည်။ အဘိုးအဘွားတို့ ဆုံးပါးသွားကြသည့်နောက်တွင် သူတို့သည် မွေးရပ်မြေကို သိပ်မပြန်ဖြစ်ကြတော့ဘဲ အားလပ်ရက်တွေမှသာ တင်းယိနန်အိမ်တွင် ဆုံဖြစ်ကြတော့သည်။

တင်းတုန်းအတွက်တော့ တင်းယိနန်၏ အိမ်သည် ကျောင်းပြီးလျှင် ဒုတိယနေထိုင်သည့် အိမ်ဖြစ်ပါ၏။ ယခုတွင်မူ ထိုနေရာသည် ဟော့ကျိရှောင်း၏ စတူဒီယိုအဖြစ်သို့​ရောက်ရှိသွားလေပြီ။

" အဲ့လောက်ထိလည်း ပြောင်းမသွားသလိုပါပဲ "

တင်းတုန်သည် သူ့ ကျောပိုးအိတ်ကို မချွတ်သေးဘဲ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသည့်နှယ် အိမ်တဝိုက်ကို လှည့်ပတ်ကြည့်ရှုနေသည်။

မတွေ့ဖြစ်သည့် အချိန်တစ်နှစ်ခွဲလောက်အတွင်း တုန်တုန်၏ ဂုတ်ထောက်ဆံတိုလေးသည်ပင် ရှည်လျားလာပြီဖြစ်ကာ ခေါင်းနောက်ဘက်သို့ စုချည်ပြီး ပိုနီတေးပုံတောင် စည်းထားနိုင်လေပြီ။ သူသည် ရိုးရိုးရှင်းရှင်းပင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ငယ်ရွယ်သည့် ကောလိပ်ကျောင်းသူလေးတစ်ဦးမှန်း တန်းသိနိုင်ပေသည်။

" အင်း၊ နောက်အပတ်က စပြီး ငါတို့ ဒီမှာ အလုပ်စလုပ်တော့မှာ "

တင်းယိနန်က စားပွဲခုံတစ်ခုံကို မှီထားလိုက်ပြီး လက်ပိုက်ထားသည့် အနေအထားဖြင့် ဆက်ပြောပြသည်။

" တို့တွေ ဝန်ထမ်းတောင် ခန့်ထားပြီးပြီ၊ နင့်ဘေးမှာရှိတဲ့ ခုံက သူ့အတွက်ဖြစ်လာမှာ "

တင်းတုန်က ဆုံလည်ခုံပေါ် ထိုင်လိုက်ပြီး စားပွဲပေါ် လက်တင်ကာ စာရိုက်သလိုပုံစံလုပ်နေရင်း

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now