{Unicode}
အပိုင်းတစ် - ကလေးများနေ့ (စန်းပိုင်ဆွေ့၏ ရှုထောင့်)
ဟယ်လို၊ အားလုံးပဲ၊ ငါ့နာမည်ကတော့ စန်းပိုင်ဆွေ့ပါ၊ တရုတ် ကျေးလက်ခွေးလေးတစ်ကောင်ပေါ့၊ ပြောရမယ်ဆို ငယ်မွေးခြံပေါက် ပြည်တွင်းမျိုးစစ်စစ်လေးပေါ့ဗျာ။
ပါပါးဆီက ကောက်မွေးမခံရခင်တုန်းကတော့ ရှင်းယန်ရွာက သင်းကွဲ လမ်းဘေးခွေးလေး ဖြစ်နေခဲ့တာ။ ပါပါးကလည်း မွေးစားလိုက်ရော ငါ့ဘဝကြီးက ဒရာမာဆန်ဆန် တဆစ်ချိုး ပြောင်းလဲသွားရတော့တာပဲ။
ငါဟာ နွေးထွေးတဲ့ အိမ်လေးတစ်အိမ်ဆီ ရောက်သွားပြီး ဘက်စုံတော်တဲ့ မာမားကိုပါ ရခဲ့တာ။ ငါ့ မာမား မလုပ်တတ်တာ ဘာမှ မရှိဘူး။ ဟင်းချက်တဲ့နေရာမှာလည်း အတော်ဆုံး၊ အိမ်မှာ ဘာဘာညာညာ ပျက်သွားရင်လည်း အကုန် ပြင်တတ်တယ်။ ဒါပေါ့၊ အဲ့အရည်အချင်းတင် ဘယ်ကမလဲ၊ မာမားက တကယ့်ကို "စွမ်းဆောင်ရည်" လည်း ကောင်းတယ်။
ဘာရယ် .. မင်းက ငါ့ကို ညစ်ညမ်းတဲ့ ခွေးလေးလို့ ပြောတယ်ပေါ့။
တကယ်ပြောရရင် ငါလည်း အစတုန်းကတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ။ ငါက ဘာမှ မသိနားမလည်တဲ့ တောက အဖြူထည် ခွေးလေးတစ်ကောင်ပါနော်။
မြို့ပေါ် ရောက်ခါစတုန်းကတော့ ဘာမှ နားမလည်ဘူးရယ်။ ပါပါးက ငါ့ကို အပြင် လမ်းခေါ်လျှောက်တဲ့အချိန် အလေးစွန့်ချင်လာရင် အဲ့တိုင်း ပါချင်တဲ့နေရာ ပါချလိုက်တာပဲ။ ပါပါးက ငါ စွန့်ထုတ်ထားတဲ့ အပုံကို အေးအေးဆေးဆေးပဲ ကြည့်ပြီး မာမားကို ချက်ချင်း ဖုန်းဆက်ခေါ်တော့တာ။ သူ့ပုံစံက ငါ ချီးပါချဖို့ကိုပဲ စောင့်နေတဲ့အတိုင်း။
မာမားကလည်း ပလတ်စတတစ်အိတ်နဲ့ လာခဲ့မယ်လို့ သဘောတူလိုက်ရရှာတယ်။ အဲ့တာနဲ့ တပါတည်း သိလိုက်ရတဲ့ သတင်းက သူ့အရင်ကောင်လေးနဲ့ လမ်းမခွဲရသေးဘူးဆိုတာပဲ။
ဖုန်းလည်း ချပြီးရော ပါပါးက ငါ့ဖင်ကို အသာလှမ်းကန်တယ်။ သူ ပြောတာ မင့် မာမားက ငါ့ကို မလိုချင်တော့ဘူးတဲ့။
ငါ ကြောင်တောင်တောင်ဖြစ်သွားတယ်။ မလိုချင်တော့ဘူးလို့ ပြောတာက မာမားလေ၊ ဘာကိစ္စ ငါ့ကို လာကန်တာလဲလို့။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...