{Unicode}
ကောရိ နှင့် လင်းကော် (အစ)
[ ကောရိ : ဟယ်လို၊ လင်းလောင်ရှီး၊ နံရံအတွက် ကျေးဇူးပြုပြီးတော့ အရောင်လေး ရွေးပေးလို့ ရမလားခင်ဗျာ့ ]
ကောရိ ဘက်မှနေ၍ စာတွေ အများအပြား ပေးပို့ထားသော်လည်း မပို့ခဲ့မိသည့်အလား မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ ဆက်သွယ်ရမည့် လိပ်စာကတ်ကို သူ့လက်ထဲ အတင်း ထိုးထည့်ပေးပြီး လင်းကော်ဆီ တိုက်ရိုက်ဆက်သွယ်ရန် တောင်းဆိုခဲ့သူမှာ အတိအကျပင် လင်းကော်၏ လက်ထောက်ဖြစ်ပါ၏။ ရလဒ်အနေဖြင့် ယခုအခါတွင် ပိုလို့တောင်မှ ဆက်သွယ်ရ ခက်သွားသေးတော့သည်။
လင်းကော်၏ အိမ်သစ်တွင် တပ်ဆင်မည့် နံရံများ၊ ကြွေပြားများ၊ ဗီရိုများ စသည်တို့အတွက် အသေးစိတ်အချက်များစွာကို အတည်ပြုဖို့ရန် လိုအပ်သည်။ ဟော့ကျိရှောင်းဘက်မှ အပြင်အဆင်နှင့် ပတ်သက်၍ အကြမ်းဖျင်း ဒီဇိုင်း ပေးထားပြီးဖြစ်သော်လည်း နောက်ဆုံး ရွေးချယ်မှုမှာ လင်းကော်၏ ဆန္ဒပေါ်တွင် မူတည်နေဆဲဖြစ်သည်။ ယခင်က ဆိုလျှင်တော့ ကောရိသည် လင်းကော်၏ လက်ထောက်ကို မေးလိုက်ရုံသာဖြစ်ပြီး ထိုလက်ထောက်မှနေ၍ လင်းကော်၏ တုံ့ပြန်ချက်ကို ပြန်ပေးလာမည်ဖြစ်သည်။ နောက်ပိုင်းတွင် ထိုသို့ တဆင့်ပြီး တဆင့် မေးမြန်းပြောဆိုနေရခြင်းက ထိရောက်မှု နှေးလွန်းသည်ဟု ထင်သွားသည့် လက်ထောက်က လင်းကော်၏ WeChat ကို ကောရိထံ ပို့လာပေးပြီး သူတို့ အချင်းချင်း တိုက်ရိုက်ဆက်သွယ်ကြဖို့ရန် တောင်းဆိုလာခဲ့သည်။
သို့သော်ငြား တိုးတက်မှု ရှိမလာပါချေ။
လင်းကော်ဘက်မှ တစ်ခါလေးသော်မျှ အတည်ပြုမပေး၍ အလုပ်အကိုင်သည် ပို၍ပင် နှောင့်နှေးကြန့်ကြာလို့သွား၏။ ကောရိတွင်လည်း အခြားတာဝန်ယူထားရသည့် ကိစ္စများ ရှိနေသေးသည်ဖြစ်ရာ လင်းကော်၏ စဉ်ဆက်မပြတ် အချိန်ဆွဲခြင်းက သူ့အား အလွန် စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။
[ ကောရိ : အိမ်မြန်မြန် ပြောင်းချင်တယ်ဆိုရင် ဒီစာကို ဖတ်ပြီးတာနဲ့ ချက်ချင်း အကြောင်းပြန်ပါ ]
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...