{Unicode}
အခန်း (၄၇)
နောက်ဆုံးတော့လည်း ဤသည်က အလုပ်ဖြစ်နေတုန်းပင်။
တင်းယိနန်သည် ဟော့ကျိရှောင်းကို ခေါင်းငဲ့ကာ ကြည့်လိုက်ပြီး
" အလုပ်ဆိုလည်း ခင်ဗျားကို တစ်ပြားမှ မပေးနိုင်ဘူးနော် "
" ဒါဆို ငါ ပေးမှာပေါ့ "
ဟော့ကျိရှောင်းသည် တင်းယိနန်ကိုယ်ပေါ် ပျင်းရိလေးတွဲ့စွာဖြင့် မှီတွယ်ထားလိုက်ရင်း
" လုပ်အားခကို မော်တာ အသေးစားလေး စ လည်ပတ်ရတဲ့ အချိန်ကနေ စတွက်ပေးမယ်ဆိုရင်ရော၊ ဘယ်လိုလဲ၊ အချိန် ပိုကြာလေလေ၊ ဈေးပိုမြင့်လာလေလေ၊ ဆိုတော့ မင်းရဲ့ မော်တာ ကြာကြာလည်နိုင်တာနဲ့အမျှ ကြေးပိုမြင့်လာမှာ "
တင်းယိနန်သည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုနေသရွေ့ ဟော့ကျိရှောင်းအတွက် ကိုင်တွယ်နိုင်ဖို့ရာ ခက်ခဲသည်။ ဤသို့ ကြာချိန်နှင့် တွက်ချက်လာသည်ဆိုခြင်းက တင်းယိနန်ကို တစ်ဆင့်ခြင်း သွားပြီး အချိန်ကြာကြာ ပျော်ပါးကြမည်ဟူ၍ ဆိုလိုချင်းပင်။
" ခင်ဗျားပေးမဲ့ လုပ်အားခကို စိတ်မဝင်စားဘူး "
တင်းယိနန်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်းက ဆိုလာ၏။
" နောက်ခါကျ ခင်ဗျားပေါ် တက်စီးပြီး နှစ်မိနှစ်အတွင်း ပြီးအောင် လုပ်ပစ်မှာ "
" မင်းကို သတိပေးထားမယ်နော်၊ အဲ့လောက်ထိ အကြမ်းပတမ်း မလုပ်နဲ့ "
ဟော့ကျိရှောင်း၏ မျက်ဝန်းတွေသည် အနည်းငယ် ကျဥ်းမြောင်းသွားကြပြီး
" လာ၊ ခုပဲ ချက်ချင်း အိမ်ပြန်ကြစို့၊ မင်းငါ့ကို နှစ်မိနှစ်အတွင်း ပြီးအောင် လုပ်နိုင်ရင် တစ်ညလုံး မင်း စိတ်ကြိုက် တက်စီးခိုင်းမယ် "
" စိန်လိုက် "
သူတို့နှစ်ယောက် စကားပြောရင်း ကားပါကင်ဆီ လျှောက်လာကြသည်။ သွားနေရင်း ဟော့ကျိရှောင်းဖုန်းက ရုတ်တရက် တုန်ခါလာ၍ ထုတ်ယူကြည့်လိုက်ရာ လင်းကော်ဆီမှ ဖြစ်နေသည်။
" လင်းကော်က ငါ့ကို သူ့ပါတီ လာဖို့ ဖိတ်တာ "
ပြောပြီးသည်နှင့် ဖုန်းကို ပြန်ထည့်လိုက်ပြီး
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...