(၃)

9.9K 1.2K 98
                                    

{Unicode}

အခန်း(၃)

အဆုံးတွင် သူတို့တွေသည် မုန်းဈေးတန်းဆီ မသွားဖြစ်။ ရောက်သွားသည်က လမ်းမကြီးပေါ်တွင် အလွယ်တကူတွေ့လိုက်ရသည့် ဘားတစ်ခုဆီသို့သာ။

ဟော့ကျိရှောင်းဆီမှ အဆာပြေတစ်ခုခု ထွက်စားကြမလားဟု ပြောလာကတည်းက သူ့ သူဌေးဖြစ်သူသည် သောက်စရာတစ်ခုခုရနိုင်မည့် ဘားဆီ သွားချင်နေတာဖြစ်ကြောင်း တင်းယိနန် ရိပ်မိသည်။ သို့တိုင်အောင် သူတို့နှစ်ဦးအကြားတွင် အလုပ်သဘောအရ ဆက်ဆံရေးက လွဲလျှင် အရက်ထိုင်သောက်ပြီး အတူစကားပြောကြရအောင်အထိ မရင်းနှီးလေရာ ဟော့ကျိရှောင်းသည် အဆာပြေစားဖို့ရန်ကိုသာ ရွေးချယ်လိုက်တာဖြစ်သည်။

ယခုတွင်မူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ အဘယ်ကြောင့်ဆိုပါမူ တင်းယိနန်သည် မိမိအတွေးတွေ ထုံထိုင်းသွားစေရန်အတွက် အယ်ကိုဟောလ်ဓာတ်ကို အသည်းအသန် လိုအပ်နေသောကြောင့်။

ဟော့ကျိရှောင်းကမူ တင်းယိနန် ဘယ်ပဲ သွားသွား ဂရုမစိုက်။ တင်းယိနန်သာ သူ့ဘေးနားတွင် ရှိနေလျှင် ဘား မကလို့ အခြားနေရာ တစ်ခုခုဆီ ရောက်သွားပြီး လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့လျှင်သော်မှ အတင်းအဖျင်း စကားများထွက်လာမည်ကို စိုးရိမ်နေစရာ လိုမည်မဟုတ်ပေ။ ထို့ကြောင့်ပင် တင်းယိနန် ဘားတစ်ခုထဲ လှမ်းဝင်သွားသည်ကို တွေ့ရသည့်ခဏတွင် အနည်းငယ် အံ့ဩသင့်မိသည်ကလွဲ၍ ဘာမှ မေးမြန်းမနေဘဲ လိုက်ဝင်သွားခဲ့တာဖြစ်သည်။

ည ဆယ့်တစ် ဆယ့်နှစ်နာရီဝန်းကျင်ဆိုသည်က ဘားတွင် လူအစည်ကားဆုံးအချိန်ပင်။ အခန်းငယ်တိုင်းကလည်း ပြည့်နှက်နေကာ သူတို့နှစ်ဦးသည် ထိုင်ဖို့ခုံကိုပင် မနည်းရှာခဲ့ရ၏။

ခပ်ထောက်ထောက်ဖြစ်နေသည် အခြေအနေကို ဖြေလျှော့ရန်အတွက် ဟော့ကျိရှောင်းဘက်ကနေ အရင် စ မေးလာသည်။

" ဘာသောက်မလဲ "

" အဆင်ပြေသလို မှာလိုက်လို့ရတယ် "

ဟော့ကျိရှောင်းက ကော့တေးနှစ်ခွက် မှာသည်။ မှာပြီး ပြန်အလှည့်တွင် တင်းယိနန်သည် သူ့ အင်္ကျီအိတ်ကပ်အတွင်းမှ စီးကရက်ဘူး ယူထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူသည် တစ်လိပ်နှိုက်ယူလိုက်ပြီး ဟော့ကျိရှောင်းကို မေးလာ၏။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now