(၄၅)

5.8K 775 7
                                    

{Unicode}

အခန်း (၄၅)

ဟော့ရှင်းဘက်မှ တိုက်ရိုက် ဖုန်းခေါ်မလာဘဲ ယခုကဲ့သို့ စာတိုအရင်ပို့လာခြင်းက သူ့ကို သေချာစဥ်းစားဖို့ရန် အချိန်ပေးချင်၍ဖြစ်ကြောင်း ထင်ရှားသည်။

ကျို့ရှဲန်းသို့ ပြန်သွားရန် မည်သည့်အကြောင်းကိစ္စမှ မရှိသော်ငြား သူ့ကို အလုပ်ခန့်ထားပေးခဲ့သူ သူဌေးကိုယ်တိုင်က အလုပ်ပြန်လာဝင်ဖို့ရန်အတွက် မက်လုံးကြီးကြီးပေး၍ ဆွဲဆောင်ခြင်းကို ခံရသည့် ခံစားချက်ကမူ ကျေနပ်စရာကောင်းနေ၏။

သူသည် ဖုန်းကို ဟော့ကျိရှောင်းဆီ ကမ်းပေးလိုက်ပြီး

" ဒါ Mr.ဟော့က အရှုံးပေးလိုက်ပြီဆိုတဲ့ သဘောလား "

တင်းယိနန်၏ အမြင်အရဆိုပါမူ ဟော့ရှင်းသည် မည်သို့မျှ ဟော့ကျိရှောင်းအပေါ် အလျှော့ပေးလိုက်မည့်ပုံ မရှိ။ ထို့ကြောင့်ပင် ထွက်စာတင်တုန်းကတောင် ဟာသလုပ်သည် မှတ်ထင်နေခဲ့ခြင်းပင်။ တကယ်တန်း ပြောနေတာဖြစ်ကြောင်း နားလည်သဘောပေါက်လာသည့် အချိန်တွင်ကား ဟော့ရှင်းသည် ပြူးပြူးပြာပြာ ဖြစ်လာရပြီ ဖြစ်ပါ၏။

" ဒီဟာက မဖြစ်စလောက်လေးရယ်၊ မင်းကို ငါက ထိမ်းမြှားလက်ထပ်ပြီးတော့ကို အိမ်ပြန်ခေါ်သွားပေးမှာ "

ထိမ်းမြှားလက်ထပ်ပြီး အိမ်အပါခေါ်သွားမည်ဆိုသည်က လူသိထင်ရှား ဝန်ခံလိုက်ပြီဆိုသည့် အဓိပ္ပာယ်ပင်။ ဤသည်က ထွက်စာတင်သည်ထက် အဆများစွာ ပိုမို ခက်ခဲသည်။

တင်းယိနန်သည် ခပ်မဆိတ်သာ နေလိုက်၏။ သူသည် ဟော့ကျိရှောင်းထက် ပိုပြီး ဓမ္မဓိဌာန်ကျကျ တွေးခေါ်လေ့ရှိသူဖြစ်ပြီး သူ၏ စိတ်ခံစားချက်နှင့် ပတ်သက်၍လည်း သေချာမပြောနိုင်သေးပေ။ အနာဂတ်ဆိုသည်က အရာရာ ဝေးကွာလွန်းသေးသည်။ ပစ္စုပ္ပန်အခိုက်အတန့်တွင် နေထိုင်ခြင်းကသာ ပိုကောင်း၏။

နောက်တစ်နေ့ မနက်တွင် ဟော့ရှင်းဆီမှ ဖုန်းဝင်လာသည်။ ထိုအချိန်တွင် သူသည် ဧည့်သည်များအတွက် လေယာဥ်လက်မှတ်နှင့် ဟိုတယ်စီစဥ်ပေးနေချိန်ဖြစ်ရာ ဟော့ရှင်းဆိုသည့် နာမည်ကြီး ရုတ်တရက်ပေါ်လာသည့်အချိန် ခေတ္တမျှ ကြောင်တောင်တောင်ဖြစ်သွားရသေးသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now