{Unicode}
အခန်း(၁၅)
စန်းပိုင်ဆွေ့အား ဆွေးသွင်းဖို့ရန်အတွက် ထားခဲ့ပြီး နှစ်ယောက်သား တည်းခိုဆောင်ဆီ ပြန်လာခဲ့ကြသည်။
သူတို့ကို တွေ့သည်နှင့် တည်းခိုဆောင်ပိုင်ရှင်က သတင်းဆိုးကို ဆီးကြိုကာ ပြောသည်။ ဆိုရလျှင် တင်းယိနန် တစ်ဦးတည်းအတွက် သတင်းဆိုးဖြစ်တော့သည်။ ပြင်းထန်သည့် မိုးကြောင့် စိုက်ခင်းအများအပြား ပျက်စီးကုန်၍ သီးနှံဖြစ်ထွန်းမှုကို လာရောက်စစ်ဆေးသည့် မြို့တော်မှ လူကြီးမင်းများသည် နောက်နှစ်ရက်ကြာမှ ပြန်ကြတော့မည်ဟူ၏။
သို့ဖြစ်ရာ တင်းယိနန်သည် ဟော့ကျိရှောင်းနှင့် တစ်ခန်းတည်း ဆက်နေရဦးမည်ဆိုသည့် သဘောပင်။
ကံကောင်းသည်က ရေမယိုတော့၍ ခုတင်တွေကို မူလနေရာအတိုင်း ပြန်လည်ရွေ့ထားပေးလိုက်ပြီဖြစ်သည်။
နောက်တစ်ရက်မနက်တွင် အတွင်းရေးမှူးလျိုသည် လီမျိုးရိုး ကန်ထရိုက်တာနှင့် မိတ်ဆက်ပေးသည်။ အသက်ငါးဆယ်ခန့်ရှိပြီဖြစ်သည့် ကန်ထရိုက်တာလီသည် ကျေးလက်အိမ်များ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး ဤနယ်တစ်ဝိုက်တွင် အတွေ့အကြုံအရှိဆုံး ကန်ထရိုက်တာဖြစ်သည်။
ဟော့ကျိရှောင်းနှင့် ခေါင်းဆောင်လီတို့သည် ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို တိုတိုတုတ်တုတ် ဆွေးနွေးပြောဆိုပြီးကြသည်နှင့် ဆောက်လုပ်ရေး လုပ်သားများက တောင်စောင်းအခြေရှိ ကွင်းပြင်ကျယ်ရှိရာကို ရောက်လာကြသည်။
တောင်ကုန်းပေါ်ရှိ မြေပြန့်ဝိုင်းသည် သိပ်ပြီး ကျယ်ဝန်းခြင်းမရှိသည့်တိုင် တောင်စောင်းကမူ ခပ်ပြေပြေ အနေအထားတွင်ရှိသည်။ ဟော့ကျိရှောင်းသည် ရှင်းယန်ကို လာစဥ် လမ်းတစ်ဖက်တစ်ချက်စီတွင် မြင်တွေ့ခဲ့ရသည့် လှေကားထစ်ပုံစံစိုက်ခင်းကို နမူနာယူကာ ကုန်းလျှောအား ပုံစံချဖို့ရန် အဆိုပြုသည်။
ဟော့ကျိရှောင်း၏ အကြံအား ခေါင်းဆောင်လီက သဘောတူသည်။ သူ့အမြင်အရ ရွာအဝင်နား မြေကွက်လပ်ဆီတွင် ပြိုကျနေသည့် မြေဆိုင်ခဲများကို ရှင်းရသည်ထက် ဤနေရာမှ တောင်ဆောင်းအား ပုံဖော်ရသည်က ပိုလွယ်သည်ဟူ၍တောင် ပြောလာသေးသည်။ ကျို့ရှဲန်းနှင့် လက်တွဲလုပ်ဆောင်နေသည့် ဘူမိဗေဒပညာရှင်များ လာရောက်ကြည့်ရှုစစ်ဆေးပြီးသွားချိန်တွင် သူတို့၏ အစီအစဉ်သည် တရားဝင် သတ်မှတ်ပြီးဖြစ်သွား၏။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...