(၁၄)

7K 973 10
                                    

{Unicode}

အခန်း(၁၄)

ဟော့ကျိရှောင်း၏ ကားမှာ ရွာအဝင်ဘက်ခြင်းတွင် ရပ်ထားခဲ့သည်ဖြစ်ရာ ကားဆီသို့ သွားမည်ဆိုပါလျင် မြစ်ရိုးအတိုင်း ဖြတ်ပြန်ရမည်ဖြစ်သည်။

ရေစိုနေသည့် အဝတ်အစားများဖြင့် သွားရလာရ အဆင်မပြေဖြစ်သည်ကြောင့် တင်းယိနန်သည် အနီးဆုံးတွင်ရှိသည့် လယ်တောအိမ်ဆီသို့သွားကာ အိမ်ပိုင်ရှင်အဖွားအိုဆီမှ အခြောက်သုတ်ဖို့ရာအတွက် တဘက်တစ်ထည်ဖြစ်ဖြစ် တောင်းဖို့ရန် စိတ်ကူးလိုက်သည်။ တစ်ကိုယ်လုံး စိုရွှဲနေသည့် သူ့ကို မြင်သည့်အခါ အဖွားအိုက ဆံပင်အခြောက်ခံဖို့ရာအတွက် လေမှုတ်စက်ကိုပါ ထုတ်ပေးလာ၏။

" ဆံပင်တွေပါ စိုကုန်တဲ့အထိ ဘာတွေများ လုပ်လာတာတုန်း "

တင်းယိနန်နှင့် ဟော့ကျိရှောင်းသည် တစ်ယောက်ကို တစ်ယောက် စကားမဆိုဘဲ အပြန်အလှန် ကြည့်မိလိုက်ကြသည်။ ဟော့ကျိရှောင်းက ခတ်မဆိတ်သာ နေနေသည်တွင် တင်းယိနန်က ပြန်ဖြေလိုက်သည်။

" ရေထဲ မတော်တဆ ချော်ကျသွားလို့ "

" အယ်၊ ချောင်းထဲကို မတော်တဆ ချော်ကျတယ် "

အဖွားအိုသည် အားရပါးရ အော်ရယ်တော့၏။

" အဖွားက၊ မင်းတို့တွေ ငါး ဆင်းဖမ်းကြတယ် ထင်နေတာ၊ မဟုတ်ဘူးလား၊ ချောင်းထဲက ငါးတွေက အရမ်းမြန်တာရယ်၊ ဖမ်းဖို့ မလွယ်ဘူး "

တင်းယိနန်သည် ရေထဲဆင်းကာ တစ်ပွဲတစ်လမ်း နွှဲမိကြ၍ ထိုသို့ဖြစ်ရပါသည် ဟုလည်း မပြောနိုင်။ ဘေးတွင် ရှိနေသည့် ဟော့ကျိရှောင်း၏ အမူအရာကို မြင်ရပြန်တော့ မတိုင်မီက ရူးရူးနှမ်းနှမ်း လုပ်ခဲ့မိသည့် အပြုအမူတွေအတွက် နောင်တရမိပြန်သည်။ တင်းယိနန်မှာ ဘာမှ ပြန်ပြောမနေတော့ဘဲ ခေါင်းကိုသာ တဘက်နှင့် သုတ်နေလိုက်တော့၏။

" အဲ့အတိုင်းပါပဲ "

တင်းယိနန်သည် အဖွားအိုလေသံအတိုင်း အလိုက်အထိုက် တုန့်ပြန်လိုက်သည်။ အမှန်တကယ်တွင်လည်း ရေထဲ ဆင်းဆော့ကြသည်ဆိုတာထက် ငါးဆင်းဖမ်းသည် ဆိုတာကမှ လူကြားလို့ ကောင်းသေး၏။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now