အချပ်ပို (၃)

3.7K 494 10
                                    

{Unicode}

ကောရိ နှင့် လင်းကော် (၂)

“Late Winter” ရုပ်ရှင်သည် နှစ်နာရီနှင့် မိနစ်လေးဆယ်ကြာမြင့်သည်။

ကောရိမှာ နားလိုက် ကြည့်လိုက် လုပ်နေ၍ သုံးရက်ခန့် ကြာသွားရသည်။ သို့တိုင်အောင် အဆုံးသတ်ခါနီး စက္ကန့်ပိုင်းအလိုထိ လင်းကော်သည် အဘယ်ကြောင့် ဆွယ်တာအနီရောင်ကို ၀တ်ဆင်ထားမှန်း နားမလည်နိုင်ပါချေ။

ချန်ထားခဲ့ရတော့မည်ဖြစ်သည့် သူ၏ လူငယ်ဘဝကို ဂုဏ်ပြုလိုခြင်း သို့မဟုတ် ခေတ်တစ်ခေတ် ကုန်ဆုံးသွားခြင်းအတွက် အထိမ်းအမှတ်အနေဖြင့် ဝတ်ဆင်ထားခြင်းလည်း ဖြစ်နိုင်သည်။ ကောရိသည် အချိန်အတော်ကြာအောင် သေချာစဉ်းစားပြီးနောက် လင်းကော်ထံ စာတစ်စောင်ပို့လိုက်သည်။

[  ကောရိ : အနီရောင်ဆိုတာ မျှော်လင့်ချက်ကို ကိုယ်စားပြုတယ်၊ ဒါကြောင့်မို့ ပြောရမယ်ဆိုရင် ရုပ်ရှင်ရဲ့ ဝမ်းနည်းနာကျင်စရာ ခံစားချက်ကို မျှစေဖို့အတွက် အနီရောင်ဆွယ်တာကို ဝတ်ထားတာ  ]

ပြန်စာကို ညသန်းခေါင်ကျော်သည်အထိ စောင့်ရလိမ့်မည်ဟု ထင်နေသော်လည်း လင်းကော်ဘက်မှ ချက်ချင်း စာပြန်လာသည်။

[  လင်းကော် : အဲ့လို မဟုတ်ပါနော်  ]

ကောရိသည် ခဏမျှ စဥ်းစားလိုက်ပြီး အဖြေ နောက်တစ်ခုပို့ဖို့ လုပ်နေတုန်းမှာပင် လင်းကော်က အဖြေမှန်ကို ပို့ပေးလာသည်။

[  လင်းကော် : ဘာကြောင့်ဆို အဝတ်အစား တာဝန်ခံက ငါ့ကို ဝတ်ခိုင်းတာမို့  ]

[  လင်းကော် : ^ ^  ]

ကောရိသည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်ရ၍ နဖူးပေါ်ရှိ သွေးကြောများပင် ထောင်ထလာသည်။ သူသည် Mr.တင်းကဲ့သို့ အေးဆေးတည်ငြိမ်ပြီး ပါတီ A ၏ ဖခင်ကြီးကို မစော်ကားမိစေရန် သူ့ကိုယ်သူ နားချနေရသည်။

[  ကောရိ : ခု ရိုက်ကွင်းနေရာကို ပြောပြလို့ ရပြီလား  ]

[  လင်းကော် : ကိုယ့်ဘာသာ လိုင်းပေါ် တက်ရှာ  ]

ကောရိ လိုင်းပေါ်တက်ပြီး လင်းကော်၏ ရိုက်ကွင်းတည်နေရာကို ရိုက်ရှာလိုက်ရာ ဇာတ်ကားရိုက်ကူးသည့် နေရာသည် နာမည်ကြီး ပြည်တွင်းရုပ်ရှင်နှင့် ရိုက်ကူးရေးစခန်းတစ်ခုဖြစ်နေကြောင်း တွေ့လိုက်ရသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now