(၅၂)

5.2K 704 21
                                    

{Unicode}

အခန်း (၅၂)

စန်းပိုင်ဆွေ့၏ အမူအကျင့်တွေသည် တစ်နေ့တစ်ခြား ပို၍ ကောင်းလာပြီး ပရိဘောဂတွေကို မကိုက်ဖြတ်တော့သလို တွေ့ကရာနေရာတွင်လည်း အပေါ့အလေး မစွန့်တော့ချေ။ ထို့အတူ ဖခင်ဖြစ်သူ၏ စိတ်နေစိတ်ထားကလည်း သားဖြစ်သူနှင့် ပိုတူလာသည်။ အပြင်ပန်းတွင် လူစိမ်းများနှင့် ဆက်ဆံသည့်အခါ မြင့်မားသည့် တောင်ထွတ်ပေါ်ရှိ ပန်းတစ်ပွင့်လို ငွားစွင့်နေသော်ငြား အိမ်မှာဆိုလျှင်တော့ဖြင့် ဗိုက်ကို လှစ်ဟပြထားကာ သခင် ပွတ်သပ်ပေးနေသည်ကို သဘောကျသည့် ခွေးကြီးတစ်ကောင်ဖြစ်သွားတော့၏။

ယခုလည်း ထို့အတူပင်။

တင်းယိနန်က ပြန်ချော့ဖို့ရာ စကားဦးသာ သန်းရသေးသည်။ ဟော့ကျိရှောင်းမှာ မတိုင်မီက ရှိနေသည့် မကျေမနပ်ချပ်တို့အား အကုန်ပစ်ချထားခဲ့ဟန်ရှိကာ တောက်ပပြုံးချိုနေသည့် မျက်ဝန်းတို့နှင့်အတူ တင်းယိနန်ကို သိုင်းဖက်လိုက်ပြီး

" သိနေတယ်၊ ငါ့ ဇနီးလေးက ငါ့ကို ဂရုမစိုက်ဘဲ မနေဘူးဆိုတာ "

" မဟုတ်ရင်ကော ? "

တင်းယိနန်သည်လည်း ရိုးရှင်းစွာပင် မည်သည့်ကိစ္စတွင်မဆို ဟော့ကျိရှောင်း၏ အလိုကို ဆန့်ကျင်၍ မလုပ်နိုင်ပါပေ။

" ကျွန်တော်သာ ခင်ဗျားကို မချော့ဘဲ ပစ်ထားရင် ညကျ ဘယ်လောက်အထိ နှိပ်စက်ခံရမယ်မှန်းမှ မသိနိုင်တာ "

ခုတလော ဝန်ထမ်းဖြစ်သူသည် အာခံရသည်ကို ခံတွင်းတွေ့လို့နေ၏။  သူဌေးဖြစ်သူမှာကား ခွန်အားခြင်း မယှဉ်ပြိုင်နိုင်လေရာ ညတိုင်းလိုလိုပင် ဝန်ထမ်းဆီမှ အနိုင်ကျင့်ခြင်းကို ခံနေရသည်။

ဟော့ကျိရှောင်းက ခေါင်းအသာ စောင်းလိုက်ပြီး တင်းယိနန်၏ နားရွက်ဖျားကို ကိုက်လိုက်ကာ အငြိုးမပြေလေသည့် လေသံဖြင့် ဆိုလာသည်။

" မင်း သိရင် ပြီးတာပဲ "

ခွေးကြီးတစ်ကောင်သည် မည်မျှပင် အကျင့်စရိုက် ကောင်းနေပါစေ။ သူ့တွင် အရိုင်းဆန်သည့် ဉာဥ်လေးက ရှိနေပြီးသားဖြစ်ကာ ဟော့ကျိရှောင်းသည်လည်း ထို့အတူပင်။ တင်းယိနန်က ယဉ်ပါးသွားအောင် လေ့ကျင့်ပေးထားသည့်တိုင် ပုန်ကန်တတ်သည့် သဘာဝက ရံဖန်ရံခါပေါ်ထွက်လို့လာပြီး ညစ်ကျယ်ကျယ် စနောက်​မှုတွေ လုပ်နေဆဲ။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now