(၃၄)

6.7K 831 35
                                    

{Unicode}

အခန်း(၃၄)

ဟော့ကျိရှောင်း၏ ခါးသည် တင်းယိနန် ခြေထောက်တွေကြားထဲ ရောက်ရှိနေပြီး လျှာတွေကလည်း နောက်ထပ်တဖန် တွယ်ယှက်လို့ သွားကြပြန်သည်။ သူတို့နှစ်ဦးစလုံးမှာ ကျွမ်းကျင်မှုအရာတွင် လက်ရည်တူကြကာ တစ်ဖက်လူ၏ အနက်ရှိုင်းဆုံးသောနေရာရှိ ဆန္ဒရမ္မက်ကို ဖမ်းဆုပ်နိုင်ကြသည်။

အသိအသာကိုပင် တစ်ယောက်ကိုတစ်ယောက် ကူညီဖြေရှင်းပေးကြရုံဆိုသော်ငြား ယခု အစပျိုးနေပုံမှာ အချစ်စစ်တလင်း မခင်းမီ စစ်မြှူနေပုံနှင့်ပင် တူနေသေးတော့သည်။

ဟော့ကျိရှောင်း၏ ညာလက်သည် ကာလရှည်ကြာ တောင့်တနေခဲ့ရသည့် တင်းယိနန်၏ ပေါင်ရင်းကြားတစ်လျှောက်​ အငမ်းမရ တိုးဝင်၍သွားသည်။ ထိုအချိန်တွင် တင်ယိနန်သည် သူ့ လက်ကောက်ဝတ်ကို ရုတ်ခြည်းဆုပ်ကိုင်လာပြီး အနမ်းကို ရှောင်ရှားရင်းနှင့် ဆိုသည်။

" ခင်ဗျားလက်ကို အရင်သွားဆေးလိုက်ဦး "

မတိုင်မီကတင် သူ့ခြေထောက်ကို ထိုညာလက်ဖြင့် ဒဏ်ကြေဆေး လိမ်းပေးခဲ့တာဖြစ်သည်။ လုပ်ပေးနေကျ မဟုတ်၍ ဆေးလိမ်းရာတွင် ပရမ်းပတာဖြစ်နေသည့်အပြင် လက်ဖဝါးတွင်သာမက လက်ချောင်းထိပ်တွေအထိပါ နီညိုရောင်အဆီတွေ စွန်းထင်းပေကျံနေခဲ့သည်။

အနှီလက်ချောင်းတွေဖြင့်သာ ရှောင်တင်းတင်းလေးကို ဆုပ်နှယ်ခြင်း ခံရပါက ကြေကွဲဖွယ်ရာတွေ ဖြစ်ကုန်ပေလိမ့်မည်။

" ဘယ်လက်နဲ့ လုပ်မယ်လေ "

ဟော့ကျိရှောင်းသည် ထပ်ပြီး ကြန့်ကြာခံနိုင်တော့ဟန်မတူ။ သူသည် ညာဘက်လက်ဖြင့် ခုတင်ပေါ် ထောက်ထားလိုက်ပြီး ဘယ်လက်သည် တင်းယိနန်၏ အတွင်းခံအဖြူရောင်ကြားထဲ ရောက်ရှိလာကာ ပေါင်းတွင်းသားတွေကို လာထိသည်။

" ခုခဏတော့ ဒီအတွင်းခံကို ဝတ်မထားစေချင်ဘူး "

ဟော့ကျိရှောင်းသည် တင်းယိနန်၏ တင်းရင်းပါသည့် တင်ပါးတွေကို လက်ဖြင့် ဆုပ်ခြေနေပြီး နှုတ်ခမ်းကို လျှာဖြင့် လျှက်လိုက်ကာ ဆိုသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now