(၄၀)

8.4K 792 78
                                    

{Unicode}

အခန်း(၄၀)

ဟော့ကျိရှောင်းသည် မျက်ခုံးတစ်ဖက်ပင့်ထားကာ မေးတစ်ချက် ဆတ်လိုက်ပြီး မေးလာ၏။

" ငါတို့တွေ ငါ့အဖေရဲ့ အလုပ်မရှိအလုပ်ရှာတဲ့အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား "

" ရတယ်လေ၊ ခင်ဗျား သွားတွေ့ဖို့ စိတ်ဝင်စားတယ်ဆိုလည်း ကျွန်တော် စီစဥ်ပေးလို့ရသားပဲ "

တင်းယိနန်သည် စိတ်ထဲတွင် အကြံတစ်ခုရှိနေပြီးဖြစ်ရာ ပြေးတမ်းလိုက်တမ်း ကစားပြီး အချိန် ဖြုန်းမနေချင်တော့။ သူသည် စည်းထားသည့် နက်ခ်တိုင်ကို အနည်းငယ် ဖြည်လျှော့လိုက်ပြီး ဧည့်အိပ်ခန်းရှိရာဘက်ဆီ လျှောက်သွားရင်းက ပြောလိုက်သည်။

" ကျွန်တော် ရေသွားချိုးလိုက်ဦးမယ် "

ဟော့ကျိရှောင်းသည် တင်းယိနန်ကို လက်ကောက်ဝတ်မှနေ၍ ဖမ်းဆွဲလိုက်ပြီး မျက်လုံးအောက်စိုက်ကြည့်ကာ

" အိပ်ခန်းထဲမှာ စောင့်နေမယ် "

ရေချိုးပြီး ထွက်လာည့် တင်းယိနန်သည် တီရှပ်အပွတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ ဟော့ကျိရှောင်း အိပ်ခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လိုက်ချိန်တွင် ဟော့ကျိရှောင်းသည် အပေါ်ပိုင်းအဝတ်ဗလာဖြင့် အိပ်ရာပေါ်တွင် အသင့်စောင့်နေပြီး ဆံပင်တွေက အနည်းငယ် စိုစွတ်လျက်ရှိသည်။ ကြည့်ရသည်မှာ အလောတကြီး ရေချိုးသန့်စင်ပြီး ခေါင်းသုတ်ဖို့ရာကို မေ့သွားဟန်တူ၏။

အောက်ပိုင်းဗလာဖြင့် ဝင်လာသည့် တင်းယိနန်ကို တွေ့သည့်အခါ ခန္ဓာကိုယ်က မတ်ခနဲဖြစ်သွားပြီး မျက်မှောင်ကြုတ်လျက် ပြောလာသည်။

" မင်းက အရမ်းနှေးတာပဲ "

တင်းယိနန်က ဘာမှ ပြန်မပြော။ သူသည် တိတ်တဆိတ်ပင် အိပ်ရာပေါ် တက်လိုက်ပြီး ဒူးထောက်လျက်အနေအထားဖြင့် ဟော့ကျိရှောင်းအနား တိုးကပ်သွားလိုက်သည်။ ဟော့ကျိရှောင်းသည် တင်းယိနန်ကို ခါးမှဆွဲယူလိုက်ပြီး ကိုယ်တစ်ပတ်လှည့်ကာ အိပ်ရာပေါ် ဖိချဖို့ပြင်သည်။

" မလှုပ်နဲ့ "

တင်းယိနန်သည် ဟော့ကျိရှောင်း၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ထောက်ထားလိုက်ပြီး နောက်ကို ပြန်တွန်းထုတ်လိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဟော့ကျိရှောင်းကိုယ်ပေါ် တက်ခွလိုက်ကာ မျက်နှာကို ငုံ့ကြည့်လျက်ဆိုသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now