(၄၂)

6.3K 802 10
                                    

{Unicode}

အခန်း(၄၂)

ဟော့ကျိရှောင်း အလုပ်ကိစ္စဖြင့် အပြင်ထွက်တိုင်း တင်းယိနန် အမြဲတမ်း လိုက်နေကျပင်။ ယခု ဟော့ကျိရှောင်းက တစ်ယောက်တည်း ထွက်သွားပြီး သူပဲ ကျန်နေခဲ့သည့်အခါ ကျင့်သားမရနိုင်အောင်ဖြစ်ရသည်။

ဟော့ကျိရှောင်း၏ အခန်းထဲ ဝင်လိုက်တော့ မနေ့ညက သူတို့နှစ်ဦး၏ ခြေရာတွေသည် အိပ်ရာပေါ်တွင် ကြွင်းကျန်ရစ်နေဆဲ။

မတိုင်ခင်ကတော့ဖြင့် တင်းယိနန်သည် သူ့တွင် လိင်ကိစ္စနှင့် ပတ်သက်ပြီး လိုအပ်ချက် မြင့်မြင့်မားမားမရှိဟု အမြဲတွေးထင်ထားခဲ့မိသည်။ ဖြေလျှော့ဖို့လိုအပ်လာသည့်အချိန်တွင် ပုံမှန်အတိုင်း ဖြေလျှော့လိုက်ပြီး မည်သည့်အခါကမှ လိင်ကိစ္စကို လွန်လွန်ကဲကဲ အရာမထားခဲ့။ သို့သော်လည်း မနေ့ညတုန်းဆီက ပြင်းထန်သည့် စိတ်လှုပ်ရှားပျော်ရွင်မှုကို ပြန်တွေးကြည့်မိပြန်တော့ ထူးဆန်းစွာပင် ယားကျိကျိဖြစ်လာရပြီး သူ မဖွင့်ကြည့်ခဲ့ဖူးသေးသည့် သော့တွေကို ဆက်ဖွင့်ကြည့်ချင်လာသည်။

ရပ်လိုက်တော့။

တင်းယိနန်သည် သူ့ လျှာဖျားကို ကိုက်လိုက်ပြီး မတော်မလျော်အတွေးတွေကို ချက်ခြင်း ထုတ်ပစ်လိုက်ရသည်။

အံ့သြလောက်စရာကောင်းလွန်းသည့် လိင်မှုကိစ္စက သူ့အတွက် အရမ်းဆွဲဆောင်မှုရှိတာကိုတော့ဖြင့် ဝန်ခံပါ၏။ ပြဿနာမှာ ဟော့ကျိရှောင်းလည်း အိမ်တွင် ရှိမနေပါဘဲ သူ့အတွေးတွေက အမြဲတမ်း အထိန်းအကွပ်မဲ့နေတာဖြစ်သည်။ ဒါသည် တကယ်ကိုပင် သူ့ပုံစံ မဟုတ်ပါပေ။

အိပ်ရာခင်းအသစ် လဲလိုက်ပြီးနောက် တင်းယိနန်သည် အလုပ်ကိစ္စပြောဆိုရန်အတွက် ယွမ်ဖုန်းဆီ ဖုန်းခေါ်လိုက်သည်။ နှစ်ယောက်သား နေ့လည်စာ အတူစားရန် ချိန်းဆိုလိုက်ပြီးပြီး အလုပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်တွေကို ဆက်ဆွေးနွေးကြသည်။

ယွမ်ဖုန်း၏အဖွဲ့တွင် လူဆယ်ဦးပင် မပြည့်သော်လည်း အဖွဲ့သားတိုင်းသည် အလွန်စွမ်းဆောင်ရည်ရှိကြသည်။ အဓိကအလုပ်မှာ ပါတီပွဲများ စီစဥ်ပေးရခြင်းဖြစ်ပြီး သူတို့၏ ဖောက်သည်များ ကျေနပ်မှု ရရှိစေမည့် နည်းလမ်းများကိုလည်း ကြိုးစား ရှာဖွေပေးကြရသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now