(၄၃)

6.1K 782 11
                                    

{Unicode}

အခန်း(၄၃)

ရုံးဖွင့်ရက် ရောက်ရောက်ခြင်းမှာပင် သူနှင့် ဟော့ကျိရှောင်းသည် ကျို့ရှန်းသို့ အတူသွားလိုက်ကြသည်။ ယခုတစ်ခေါက်တွင် တင်းယိနန်သည် ခါတိုင်းရုံးတက်လျှင် ဝတ်နေကျကဲ့သို့ ဝတ်စုံပြည့် ဝတ်ဆင်မလာဘဲ သာမာန်ထသွားထလာ အဝတ်အစားမျိုးကိုသာ ဝတ်ဆင်လာခဲ့သည်။

ရှေ့ဧည့်ကြိုကောင်တာတွင် ရပ်စောင့်နေကြသည့် အမျိုးသမီးကလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး 'ပြဿနာတော့ တွေ့ပြီ' ဟူသည့် အမူအရာဖြင့် အချက်ပြလိုက်ကြသည်။ ရုံးခန်းထဲ ရောက်သည့်အခါတွင်လည်း လုပ်ဖော်ကိုင်ဖက်များက သူ့ကိုတွေ့သည်နှင့် အံ့ဩတကြီးဖြစ်ကုန်ကြပြီး မေးကြကုန်၏။

" တင်းကျူး၊ ဒီနေ့လည်း ခွင့်နဲ့ဖြစ်နေတုန်းပဲလား "

တင်းယိနန်သည် အများကြီး ပြန်ရှင်းပြမနေ။ ထိုအတိုင်း ယဥ်ကျေးသည့် အပြုံးလေး ပြုံးပြရင်း ခေါင်းအသာရမ်းပြကာ တုံ့ပြန်လိုက်၏။

ခါတိုင်းလိုပင် တနင်္လာနေ့ မနက်ခင်း ပုံမှန်အစည်းအဝေး လုပ်နေသည်။ တင်းယိနန်သည် အပြင်လူဖြစ်တော့မည်ဖြစ်၍ ပါဝင်ဖို့ရာ အဆင်မပြေသလို သူကိုယ်တိုင်ကလည်း အစည်းအဝေးတက်ဖို့ စိတ်ကူးမရှိပေ။ ထို့ကြောင့် ရုံးခန်းပြင်ပ စောင့်ဆိုင်းရန်နေရာတွင် ထိုင်နေလိုက်ပြီး အစည်းအဝေးပြီးဆုံးသည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။  ဆယ်မိနစ်ကျော်မျှအကြာတွင် အခြားလုပ်ဖော်ကိုင်ဖက်များက လက်ထဲတွင် မှတ်စုစာအုပ်ကိုယ်စီနှင့် ထွက်လာကြပြီး သူတို့၏ သက်ဆိုင်ရာအလုပ်စားပွဲများဆီ ပြန်ထွက်သွားကြသော်လည်း ဟော့ကျိရှောင်းတစ်ယောက်တည်းသာ ဟော့ရှင်း၏ ရုံးခန်းထဲ ကျန်ခဲ့သည်။

ဟော့ရှင်းသည် Mrs.စုန့်အကြောင်းကိစ္စနှင့် ပတ်သက်၍ ဟော့ကျိရှောင်းကို ခေါ်ထားတာဖြစ်ကြောင်း တင်းယိနန် ခန့်မှန်းမိသည်။ သားအဖတွေ ထပ်ပြီး အချေအတင်ဖြစ်ကြမှာကို အနည်းငယ် စိုးရိမ်မိသော်ငြား သူ ဘာမှ လုပ်ပေးလို့ မရနိုင်ဘူးဆိုသည်ကိုလည်း သိနေသည်။ ထို့ကြောင့်ပင် ဝန်ထမ်းရေးရာဌာနသို့သွားပြီး ထွက်စာတင်သည့်ကိစ္စနှင့် ပတ်သက်သည့် လုပ်စရာရှိသည်များကို ဦးဆုံးလုပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now