(၆)

9K 1.1K 9
                                    


{Unicode}

အခန်း(၆)

တင်းယိနန်သည် အပြန်လမ်းတစ်လျှောက်လုံး မည်သည့် စကားကိုမှ မဆိုချေ။ မျက်နှာမှာလည်း အမူအရာ ကင်းမဲ့လျှက်။ အပေါ်ယံတွင် ဒေါသထွက်နေသည် ထင်ရသော်ငြား ခေါင်းကိုက်နေသည်ဟုဆိုက ပိုမှန်၏။

တင်းယိနန်၏ ပင်ကိုစရိုက်မှာ သက်ဝင်လှုပ်ရှားနေလေ့ရှိသည့် ပုံစံနှင့် လားလားမျှ မသက်ဆိုင်။ သူသည် သေချာမှုရှိသည့် အလုပ်မျိုးကိုသာ လုပ်ဆောင်မည်ဖြစ်ပြီး ရွေးချယ်ပြီးပြီဆိုလျှင်လည်း အဆုံးထိ အားသွန်ခွန်စိုက် ကြိုးစားသွားမည့်သူမျိုးဖြစ်ပါ၏။ အချစ်ရေးတွင်လည်း ထို့အတူပင်။

ဟော့ကျိရှောင်း၏ အလုပ်အကိုင်နှင့် အကျင့်စရိုက်များကို အလုံးစုံ နားလည်နိုင်ဖို့ရန် အချိန်သုံးနှစ်ယူခဲ့ရသည်။ သို့တိုင်အောင် ယနေ့မှ ရုတ်တရက် သိလိုက်ရသည်က ဟော့ကျိရှောင်းဆိုသူတွင် အချိန်မရွေး ပြောင်းလဲတတ်သည့် အခြားစရိုက်တစ်ခု ရှိသေးသည်ဆိုခြင်းပင်။ တင်းယိနန်သည် ခန့်မှန်းရခက်ခြင်းမျိုးကို မကြိုက်ပါချေ။ ဤသည်က သူ အမြဲလုပ်နေကျ အလုပ်အား မငြိမ်မသက်နှင့် သက်တောင့်သက်သာမရှိဖြစ်စေ၏။

ကားလေးသည် ဟော့ကျိရှောင်း၏ မြေအောက်ကားပါကင်သို့ ရောက်သည်တွင် ဖြည်းညင်းစွာ ထိုးရပ်လိုက်သည်။ တင်းရိနန်ကမူ သူ၏အလုပ်အား ပုံမှန်လမ်းကြောင်းပေါ် မည်သို့ပြန်ရောက်အောင် လုပ်ရမလဲဟု စဥ်းစားနေသည်။ အလုပ်မှ အားလပ်ရက် ယူလိုက်လျှင် ဟော့ကျိရှောင်းသည် သူတို့နှစ်ယောက်ဖြစ်ခဲ့သမျှ မေ့ပျောက်သွားနိုင်လောက်မည်ထင်၏။ သို့ဆိုလျှင် သူတို့တွေ မူလအတိုင်း ပြန်ဖြစ်သွားနိုင်သည်။

တင်းယိနန် ကောင်းကောင်း မဆုံးဖြတ်ရသေးခင်မှာပင် ဟော့ကျိရှောင်းက ရုတ်ခြည်းဆိုလာသည်။

" နက်ဖြန် မနက် မင်း ကုမ္ပဏီကို သွားဖို့မလိုဘူး "

တင်းယိနန်သည် ကားအင်ဂျင်ကို စက်သတ်ကာ ဟော့ကျိရှောင်းကို ကြည့်လိုက်၏။

" ငါ နက်ဖြန်ကျ ရှင်းယန်ကျေးရွာကို အလုပ်ကိစ္စသွားရမယ် .. ပရောဂျက် အသစ် ရှိတယ် "

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now