(၃၃)

6.8K 864 6
                                    

{Unicode}

အခန်း(၃၃)

ဟော့ကျိရှောင်းသည် သူ လုပ်နေလက်စအရာကို ခေတ္တချထားလိုက်ပြီး တင်းယိနန်ကို ကြည့်ကာ

" မင်းက ဘာလို့ အချိုးမကျရမှာလဲ "

မည်သည့်အရာပေါ်မဆို ရွှေရောင်အချိုးကျမှသာ နှစ်သက်လေ့ရှိသည့် ဟော့ကျိရှောင်း၏ အဆင့်အတန်းမြင့်မြင့် အလှအပစံနှုန်းအား တင်းယိနန်သည် ကောင်းစွာသိရှိထားပြီးဖြစ်သည်။ ယခု သူ ယက်လုပ်နေသည့် ဝါးထည်များကပင်လျင် ထိုအချိုးအဆထဲ ဝင်နေသည်။ ဟော့ကျိရှောင်း၏ အိပ်ရာဖော်မှန်သမျှသည်လည်း 1.8 မီတာအထက်ရှိသည်များသာ။ ထိုသူတို့နှင့် စာလျင် တင်းယိနန်၏ ခန္ဓာကိုယ် အချိုးအစားမှာ အချိုးအဆစ် မကျနလှသည်က အသိသာချည်းပင်။

ဟော့ကျိရှောင်း၏ အကြိုက်အား သိထားပြီးဖြစ်၍ ထိုသို့ပြောနိုင်တာဖြစ်ကြောင်း အမှန်အတိုင်း ပြောပြလိုက်လျင်လည်း မိမိကိုယ်ကိုယ် နှိမ့်ချမိသလိုက ဖြစ်ဦးမည်။ တင်းယိနန်သည် အလှအပရေးရာကိစ္စများနှင့် ပတ်သက်၍ ဟော့ကျိရှောင်းနှင့် ဆက်လက်ငြင်းခုန်ဖို့ရာ အလွန်ပျင်းရိလို့သွား၏။ ထို့ကြောင့် သူသည် ထိုနေရာမှ လည့်ထွက်လာလိုက်ပြီး ဟော့ကျိရှောင်းကို မှာခဲ့လိုက်သည်။

" ခင်ဗျား လုပ်စရာရှိတာ ဆက်လုပ်နေလေ၊ ကျွန်တော် ဟိုနားဒီနား ဈေးဝယ်ထွက်လိုက်ဦးမယ် "

သို့သော်လည်း တစ်ယောက်သော စံနှုန်းမီအလှတရားဆရာသခင်သည်ကား ဆွေးနွေးပွဲကို ရပ်ပစ်ချင်ဟန်မတူ။ သူသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး တင်းယိနန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ

" နေဦး "

တင်းယိနန် ဆက်မသွားဘဲ ရပ်နေလိုက်သည်။

" ငါ့ မျက်စိထဲမှာလို့ဆိုတော့ ... "

ဟော့ကျိရှောင်းက ဆက်မေးသည်။

" မင်းက ဘယ်အပေါ်ကို ကြည့်ပြီး အဲ့လို ပြောလိုက်တာလဲ "

ဟော့ကျိရှောင်းဘက်က ထိုစကားအပေါ် ဤမျှထိ အလေးအနက် ထားနေမည်ဟု ထင်မထားခဲ့။ တင်းယိနန်သည် ဟော့ကျိရှောင်းကို ပြန်မေးလိုက်၏။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now