(၃၆)

6.4K 841 68
                                    

{Unicode}

အခန်း(၃၆)

လျို့ဝှက်ချက်ဟူသည် ပဟေဠိဆန်ပြီး လူတို့၏ စူးစမ်းလိုစိတ်ပြင်းပြမှုကို နှိုးဆွပေးသည်။

တင်းယိနန်သည် ဟော့ကျိရှောင်း၏ အဓိက ရည်ရွယ်ချက်ကို ချက်ချင်း ဖမ်းဆုပ်မိပါ၏။ အများအားဖြင့် ဖန်တီးသူသည် သူ၏ မပြီးဆုံးသေးသော အလုပ်ကို ဖော်ပြရန် ဝန်လေးနေသည့်အခါ သို့မဟုတ် ကြည့်ရှုသူကို တမင်တကာ လှည့်ဖြားချင်သည့်အခါ ထိုသို့ ပြောလေ့ရှိသည်။

ဟော့ကျိရှောင်း ပြုလုပ်နေသည့်အရာသည် အံ့ချီးကုန်နိုင်ဖွယ်လက်ရာတစ်ခုဖြစ်၍ မပြီးစီးသေးခင် လူမြင်မခံနိုင်သည်ကြောင့် ဖုံးကွယ်ထားခြင်းတော့ မဖြစ်တန်ရာဟု တွေးမိသည်။ ဖြစ်နိုင်ချေအရှိဆုံးမှာ သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် လှည့်ဖြားဖို့ရန် ကြံနေခြင်းသာ။

" မဟုတ်မှ၊ ခင်ဗျား ကျွန်တော့်အတွက် ချိုင်းထောက်လုပ်နေတာလား "

ထိုအတွေးသည် တင်းယိနန်ခေါင်းထဲ ရုတ်ခြည်းဝင်ရောက်လာ၏။

" နက်ဖြန် ကျွန်တော်အလုပ်သွားရင် သုံးဖို့လို့လေ "

မနက်ဖြန်မှာ သောကြာနေ့ဖြစ်ပြီး တင်းယိနန်သည် အလုပ်တက်ရမည်ဖြစ်သည်။ ဟော့ကျိရှောင်းမှာ ဆောက်လုပ်ရေးဆိုင်ရာ ပုံကြမ်းအနည်းငယ်ကို လက်စသတ်ဖို့ကလွဲလျင် အများကြီး လုပ်စရာသိပ်မရှိတော့။ တင်းယိနန်အတွက်မှာမူ သူ့ အလုပ်ကို မထိခိုက်စေနိုင်သည့် ခြေထောက်ဒဏ်ရာလေးတစ်ခုအတွက်ကြောင့်နှင့် အခြေခံလစာတစ်ရက် အဆုံးရှုံးမခံနိုင်ပေ။

" နက်ဖြန် မင် အလုပ်သွားစရာမှ မလိုတာ "

ဟော့ကျိရှောင်းသည် အပေါက်ဝတွင် မြဲမြဲမြံမြံ ရပ်နေလျက်ဖြင့် ဆိုသည်။

" မင်းအတွက် ငါ ခွင့်တိုင်ပေးလိုက်ပြီ "

" ခင်ဗျားက ကျွန်တော့်အစား ခွင့်တိုင်ပေးလိုက်တယ် ? "

တင်းယိနန်၏ မျက်စိထဲတွင် ပျံထွက်သွားသည့် ငွေစက္ကူတွေကို ပြေးမြင်ယောင်လိုက်မိသည်။

" အင်း "

ဟော့ကျိရှောင်းက ဆိုသည်။

" ငါ့အတွက်ကောပဲ၊ ဆိုတော့ အိမ်မှာပဲ ဆေးဆေး ပုံထိုင်ဆွဲလို့ရတယ် "

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now