(၂၁)

6.8K 925 27
                                    

{Unicode}

အခန်း(၂၁)

ကိုယ်တိုင်က ကော်ဖီအကြောင်း စိတ်မဝင်စားသည့်တိုင် တင်းယိနန်၏ စာအုပ်စင်ပေါ်တွင် ကော်ဖီနှင့်ပတ်သက်သည့် စာအုပ်အတော်များများရှိသည်။ သူ့အတွက်ကတော့ဖြင့် လတ်ဆတ်မွှေးပျံ့သည့် ကြိတ်ကော်ဖီနှင့် အသင့်ဖျော်ကော်ဖီထုတ်တွေက အရသာ အတူတူပင်။

သို့ပါလျက် သူ ကော်ဖီနှင့်သက်ဆိုင်သမျှကို လေ့လာဖတ်ရှုနေရသည့် အကြောင်းအရင်းမှာ ဟော့ကျိရှောင်းကြောင့်သာဖြစ်တော့သည်။

ဟော့ကျိရှောင်းက Americano ဆိုလျှင် Espresso 4 shots နှင့် ဖျော်ထားမှကြိုက်ပြီး တစ်ခါတစ်လေ တစ်ရက်ထဲတွင် တစ်ခွက်ထပ်မက ပိုသောက်တတ်သည်။ ကျန်းမာသည့် အရွယ်ရောက်ပြီး လူကြီးတစ်ဦးအတွက် တစ်နေ့လျှင် ကဖင်းဓာတ် လေးရာမီလီဂရမ်ထက် ပိုမသောက်သုံးသင့်ဟုဆိုရာ ဟော့ကျိရှောင်း၏ ကဖင်းသောက်သုံးမှုသည် အဆိုပါစံနှုန်းထက် များစွာကျော်လွန်၍နေသည်။

တင်းယိနန်သည် ဟော့ကျိရှောင်းအား သတိမထားမိစေဘဲ မနက်စောစောထကျင့်ရှိအောင် လုပ်တုန်းကကဲ့သို့ပင် ကော်ဖီပမာဏကိုလည်း မသိမသာလျှော့ချဖို့ ကြိုးစားကြည့်သည်။ သို့သော်လည်း ဟော့ကျိရှောင်းသည် ကော်ဖီအရသာ ပြောင်းသွားသည်နှင့် ချက်ချင်းသိသွားကာ ထိုအတွက်ကြောင့်နှင့် တင်းယိနန်ကိုပင် မကျေမနပ်ဖြစ်သွားခဲ့သေး၏။

နောက်ပိုင်းတွင် ဟော့ကျိရှောင်း အနှီကော်ဖီအပြင်းစားအား နှစ်သက်ရသည့်အကြောင်းအရင်းမှာ ထိုအတွင်းမှ ထွက်လာသည့် ခပ်စူးစူး သစ်သီးချဉ်ရနံ့ကြောင့်ဖြစ်ကြောင်း တင်းယိနန် သတိထားမိသွားသည်။ သူသည် ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်သည့် ကော်ဖီစေ့တွေကို လေ့လာကြည့်သည်။ ကော်ဖီပင် စိုက်ပျိုးသည့် မြေနေရာ၊ ရာသီဥတု၊ ခူးဆွတ်သည့်အချိန်၊ ကော်ဖီစေ့ လှော်သည့် နည်းစနစ်များကအစ အမျိုးမျိုး နှိုင်းယှဉ်ကြည့်သည်။ နောက်ဆုံးတွင် ယူနန်နယ်ဘက်မှ ထွက်သည့် ကော်ဖီစေ့သည် ချဉ်စူးစူးအရသာပိုများကြောင့် လေ့လာတွေ့ရှိခဲ့ပြီး ကော်ဖီစေ့ကို ပြောင်းသုံးလိုက်ကာ ဟော့ကျိရှောင်း၏ ကဖင်းသောက်သုံးမှုပမာဏကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့သည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now