{Unicode}
အခန်း(၄၄)
ကျို့ရှဲန်းမှ ထွက်လာပြီးသည့်အခါ တင်းယိနန်သည် မြို့လယ်ကောင် လူစည်ကားသည့် လမ်းတစ်နေရာရှိ အထပ်မြင့်တိုက်ခန်းတွဲကြီးတစ်ခုဆီ ဆက်သွားလိုက်သည်။
တိုက်ခန်းတွဲကြီးမှာ တစ်ခန်းဆို တစ်ခန်း ကျယ်ဝန်းသည့်အပြင် မျက်နှာကျက်အမြင့်ကလည်း ငါးမီတာမျှ မြင့်ကာ စီးပွားရေးလုပ်ငန်းအနေနှင့်ရော၊ လူများနေထိုင်ဖို့အတွက်ပါ နှစ်မျိုးစလုံးအတွက် အဆင်ပြေသည်။ ပထမထပ်တွင် ပုံသဏ္ဍာန်ဆန်းဆန်းပြားပြား စားပွဲခုံ အများအပြားရှိပြီး အခြားဆန်းသစ်သည့် ဖျော်ဖြေရေးကိရိယာများလည်း ထည့်သွင်းပြသထားကာ ရုံးခန်းဧရိယာနှင့် အပန်းဖြေဧရိယာဟူ၍ သီးသန့်ခွဲခြားထားခြင်း မရှိပေ။ ကြမ်းပြင်နှင့် မျက်နှာကျက်သို့တိုင် ထိစပ်နေသည့် ပြတင်းပေါက်ကြီး၏ အပြင်ဘက်တွင် စတုရန်းတစ်ဆယ်မီတာခန့်ရှိ လသာဆောင်ကြီးတစ်ခုရှိပြီး မြို့တော်၏ အစည်ကားဆုံးရှုခင်းကို ခံစားနိုင်မည်ဖြစ်သည်။
" အင်း၊ သိပ်မဆိုးဘူး ဆိုပါတော့ "
ယွမ်ဖုန်းသည် လသာဆောင်ရှိ ကြိုးတပ်ကုလားထိုင်ပေါ်တွင် လက်နှစ်ဖက် နောက်ပစ်လျက် ဆန့်ဆန့်ကြီး ထိုင်နေပြီး သူ့ ဟန်ပန်က ဂုဏ်ရှိန်မြင့်သည့် သခင်ကြီးတစ်ပါးနှင့်တောင် တူနေသည်။
တင်းယိနန်သည် အနည်းငယ်မျှ မနာလိုဖြစ်စိတ်နှင့်အတူ ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
ယွမ်ဖုန်းက ဤတိုက်ခန်း၏ အပေါ်ထပ် ထပ်ခိုးတွင် နေထိုင်တာဖြစ်ပြီး အောက်ထပ်ကို ရုံးခန်းအဖြစ် အသုံးပြုထားသည်။ ယေဘူယျအားဖြင့် ဆိုရသော် လူမှုကျေးကျွန်တစ်ဦး၏ အိမ်နှင့်အလုပ်ခွင် ခရီးအကွာအဝေးသည် ဘဝပျော်ရွှင်မှုညွှန်းကိန်းနှင့် ပြောင်းပြန်အချိုးကျသည်။ ထပ်ခိုးပေါ်က ဆင်းလိုက်သည်နှင့် လုပ်ငန်းခွင်ရှိရာ စတူဒီယိုသို့ ရောက်သွားနိုင်ခြင်းအားဖြင့် လမ်းပေါ်တွင် အချိန်ဖြုန်းနေဖို့ရန် မလိုအပ်တော့။ တွေးကြည့်ရုံနှင့်တင် ကျေနပ်ပျော်ရွှင်စရာ ကောင်းလှသည်။
VOCÊ ESTÁ LENDO
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...