{Unicode}
အခန်း (၄၆)
လင်းကော်က ဘာမှ ပြန်မဖြေ။ မျက်ခုံးတစ်ဖက် ပင့်၍ 'မင်း ငါ့ကို မညာရင်ကောင်းမယ်' ဟူသည့် အထာဖြင့် သူ့ လက်ထောက်ကို ပြန်ကြည့်သည်။
တင်းယိနန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရှူမိရကာ ဟော့ကျိရှောင်းဆီ ဖုန်းခေါ်လိုက်ချင်သည်ကို အောင့်ထားလိုက်ရပြီး လင်းကော်၏ လက်ထောက် အနောက်မှနေ၍ ဓာတ်လှေကားဖြင့် ဆင်းလာလိုက်သည်။
အထူးတဆန်းအနေနှင့် ပြောရမည်ဆိုပါလျှင် သူတို့ အဝန်းအဝိုင်းတွင် ဟော့ကျိရှောင်း အလွန်ရေပန်းစားကြောင်း သူ သိထားပြီးဖြစ်သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာလိမ့်မည်ဟူ၍ကား ဘယ်သောအခါကမျှ ထင်မထားခဲ့။ ဟော့ကျိရှောင်းနှင့် အတူရှိပြီး နောက်ပိုင်းတွင်တောင် ယခင်ကရှိခဲ့သည့် အိပ်ရာဖော်များကို ခြိမ်းခြောက်မှုတစ်ခုအနေဖြင့် မခံစားခဲ့ရပါချေ။
သို့ဖြစ်ရသည်မှာ ဟော့ကျိရှောင်းက ထိုထိုသောသူများအပေါ် ဘယ်တုန်းကမှ ဂရုမထားခဲ့၍ဖြစ်ပြီး သူ့ အိပ်ရာဖော်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖျက်လိုက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ဟော့ကျိရှောင်းဘက်မှ တစ်ခါတည်း အပြတ်ရှင်းပြီးဖြစ်သည်ကြောင့် တင်းယိနန်သည် ရှိခဲ့ဖူးသည့် အချစ်ရေးသမိုင်းကြောင်းကို စိတ်ထဲမှ လုံးလုံး ဖယ်ထုတ်ခဲ့ပြီးဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ယခု ပြန်တွေးကြည့်လိုက်သည့်အခါ သူသည် စိတ်ချလက်ချဖြစ်မနေသင့်ဘဲ နိုးနိုးကြားကြား ရှိနေမှ တော်ကာကျမည့်ပုံရသည်။ ယခုပင်လျှင် တစ်စုံတစ်ယောက်ယောက်သည် သူ၏ ဟော့ကျိရှောင်းအား ငမ်းငမ်းတက်ဖြစ်နေပြီ ဖြစ်သောကြောင့်။
ဓာတ်လှေကားဆီမှ အချက်ပြနံပါတ်က တဖြည်းဖြည်း ဂဏန်းသေးလာသည်။ သို့သော်ငြား တင်းယိနန်၏ မျက်လုံးတွေသည် လင်းကော်၏ နောက်စေ့ဆီကိုသာ စူးစိုက်လျက် ကြည့်နေဆဲ။
အကယ်၍သာ ဟော့ကျိရှောင်းသည် လင်းကော်ကို အကဲဖြတ်အမှတ်ပေးမည်ဆိုပါလျှင် သူ၏ လက်သုံးစကားအတိုင်း 'Perfect' ဟူ၍ ပြောလာပေလိမ့်မည်။ တွေးကြည့်လိုက်ရုံနှင့် သူ့မှာ စိုးရိမ်လာရသည်။ စိတ်ကလည်း အဆင်မပြေသလို ဖြစ်လာ၏။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...