(၄၉)

5.7K 762 18
                                    

{Unicode}

အခန်း (၄၉)

လက်ထောက်အဖြစ် မဟုတ်ဘဲ စတူဒီယိုအပိုင် သူဌေးအဖြစ်။

ဟော့ကျိရှောင်းက ထိုသို့ရုတ်ခြည်းပြောလာချိန် တင်းယိနန်မှာ မျှော်လင့်မထားသောကြောင့် ကြောင်အအဖြစ်သွားရသည်။ သူသည် ကြားလိုက်ရသည်ကို မယုံကြည်နိုင်သည့်နှယ် နောက်တဖန် ထပ်မေးလိုက်ရ၏။

" ခင်ဗျားစတူဒီယိုကို ကျွန်တော်က ကိုင်တွယ်ပေးရမယ်ပေါ့ "

ဟော့ကျိရှောင်းက

" ဟုတ်တယ် "

တင်းယိနန်သည် ခေါင်းကို ငုံ့ထားပြီး ချက်ချင်းပြန်မဖြေနိုင်ဘဲ ရှိနေသည်။

ဟော့ကျိရှောင်းမှာ တင်းယိနန် မပျော်မရွှင်ဖြစ်သွားသည် အထင်နှင့်

" မင်းရဲ့ မူအတိုင်း အလုပ်နဲ့ ဘဝကို ရောမထွေးပစ်ချင်ဘူးဆိုတာ ငါ နားလည်ပါတယ် .. "

" မဟုတ်ဘူး "

တင်းယိနန်က ခေါင်းယမ်းလိုက်ပြီး ဟော့ကျိရှောင်း ပြောနေသည်ကို ဖျက်ချလိုက်၏။

" ကျွန်တော့်မှာ အဲ့လိုကိုင်တွယ်နိုင်စွမ်း ရှိမှရှိပါ့မလားဆိုပြီး တွေးမိသွားလို့ "

အခြေခံသဘောတရားနှင့် ပတ်သက်၍ ဘက်မလိုက်စတမ်း ပြောရမည်ဆိုပါလျှင် လုံးဝ လက်သင့်ခံနိုင်မည် မဟုတ်ပေ။

သို့သော်လည်း အရည်အချင်းနှင့် ပတ်သက်၍ မဖုံးကွယ်စတမ်း ဝန်ခံရမည်ဆိုပါက သူ့ကိုယ်သူ သံသယ ဝင်မိရသည်။

တင်းယိနန်၏ ဆိုလိုရင်းက ရှင်းသည်။ 'လက်ခံပါသည်' ဟူသည့် စကားလုံးကိုပင် ပြန်ဖြေနေဖို့ရန်မလို။ သူ့ စိတ်ထဲရှိနေသည့် အတွေးကို ဟော့ကျိရှောင်းထံ တိုက်ရိုက်ပြောပြလိုက်၏။

" ငါ မင်းကို ယုံပြီးသား "

ဟော့ကျိရှောင်းက ပြုံး၍ ဆိုသည်။

" မင်းက ငါတွေ့ဖူးသမျှ လက်ထောက်တွေထဲ စွမ်းရည်အပြည့်ဝဆုံးပဲ "

တစ်စုံတစ်ယောက်၏ လက်ထောက် လုပ်မည့်အစား ကိုယ်တိုင် အလုပ်ရှင် လုပ်လိုက်။ တင်းယိနန်သည် ချက်ချင်းပင် သူ့စိတ်ကို ပြင်ဆင်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ဆိုသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now