(၁၁)

7.4K 996 15
                                    


{Unicode}

အခန်း(၁၁)

ခြေခေါက်လဲသွားသည့် အဖိုးအိုအား ဆေးရုံသို့ သွားပို့ပေးပြီး လျိုကျစ်ရှူး ပြန်ရောက်လာချိန်တွင် တင်းယိနန်တို့မှာ ကောင်တီတည်းခိုဆောင်ရှိရာဆီ ရောက်နေပြီဖြစ်သည်။

သေးငယ်လှသည့် တောမက မြို့မကျနေရာမျိုးတွင် စိတ်အပန်းပြေ လည်စရာ ပတ်စရာနေရာဟူ၍ မရှိပေ။ ညစာစားပြီးသည်နှင့် သူတို့တွေ တည်းခိုဆောင်ဆီ တန်းပြန်လာသည်။ တင်းယိနန်သည် အချိန်ကို အကျိုးရှိရှိ ဖြုန်းဖို့ရန်အတွက် စာအုပ်ထိုင်ဖတ်နေလိုက်၏။

ဟော့ကျိရှောင်းသည် တစ်ချက်လှမ်းကြည့်လိုက်ပြီး

" မင်း ဖတ်နေတာ 'ကျေးလက်ဗိသုကာဒီဇိုင်းများ' လား "

တင်းယိနန် စာအုပ်ဖတ်သည့်အခါ လတ်တလော အသုံးချဖို့လိုမည့် အကြောင်းအရာနှင့် ပတ်သက်သည့် အမျိုးအစားကိုသာ ရွေးချယ်ပြီး ဖတ်လေ့ရှိသည်။

ဥပမာ ပြောရလျှင်

ဟော့လောင်ရှစ်၏ အဝတ်အစားများနှင့် ပတ်သက်ပြီး စီစဥ်ပေးဖို့ လိုလာစဥ်တုန်းက သူသည် အမျိုးသားဖက်ရှင်မဂ္ဂဇင်းကို လစဥ်ပုံမှန် မှာယူကာ နှစ်ဝက်မျှ လေ့လာလိုက်ရသည်။

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သူ လိုအပ်သည့် အချက်အလက်များကို အလျင်အမြန် ဆုပ်ကိုင်နိုင်ပြီး ချို့ယွင်းချက်များရှိလာလျှင်လည်း တတ်နိုင်သမျှ လျင်မြန်စွာ ပြန်လည်ပြင်ဆင်နိုင်သွားသည်။

တစ်ဘက်တွင် ထိုင်နေသည့် ဟော့ကျိရှောင်းသည်လည်း ရှင်းရန်ကျေးရွာ၏ အသေးစိတ်​ အချက်အလက်များပါဝင်သည့် မြေပုံကျယ်ကို အိပ်ရာပေါ် ဖြန့်ခင်းချလိုက်ပြီး လိုအပ်သည့် အတိုင်းအတာများကို တွက်ဆနေသည်။

သူတို့ နှစ်ဦးမှာ တစ်ယောက်က စာအုပ်ကို အာရုံစိုက်ထားပြီး အခြားတစ်ဦးက အလုပ်ထဲ ဈန်ဝင်နေ၏။ ရိုးရိုးသားသား ပြောရမည်ဆိုပါလျှင် ဟော့ကျိရှောင်းနှင့် ပတ်သက်၍ သူ့အပေါ် တစ်ခုခု မူမမှန်သည်များ ကျူးလွန်လာလေမည်လားဟူ၍ စိတ်ပူမိခြင်း လုံးလုံး မရှိပါချေ။ သို့သော်လည်း မှန်းဆ၍ မရနိုင်သည့် ဟော့ကျိရှောင်း၏ စရိုက်အရ နောက်ပြောင်ကျီစယ်လာနိုင်ချေကတော့ ရှိနေနိုင်သေးသည်။

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now