{Unicode}
အခန်း(၂)
လေယာဥ်စီးနေချိန်တွင် ဟော့ကျိရှောင်းသည် အအိပ်ပျက်ရခြင်းကို အစားပြန်ထိုးကာ လိုက်ပါလာသည်။
သာမန်လေယာဥ်လိုင်းတစ်ခု၏ ရိုးရိုးတန်းမှ လိုက်စီးလာခြင်းဖြစ်ရာ နေရာသည် သိပ်မကျယ်ဝန်းပေ။ တင်းယိနန်သည် ဆယ်မိနစ်တိုင်းတစ်ခါ ပုံစံပြောင်းအိပ်နေရသည့် ဟော့ကျိရှောင်းကို စောင့်ကြည့်နေ၏။ ထိုသူ၏ ခြေတံများမှာ ရှည်လျားလှလေရာ ဤသို့သော နေရာကျင်းကျင်းတွင် အတော့်ကို အဆင်ပြေမနေဟန် ပေါက်သည်။
တင်းယိနန်အဖို့မှာလည်း မည်သို့မျှ အဆင်ပြေအောင် လုပ်ပေး၍ မရလေရာ မမြင်ချင်ယောင်သာ ဆောင်နေလိုက်ရသည်။ အဆုံးတွင် ဟော့ကျိရှောင်းသည် လုံဝသည်းခံနိုင်တော့ဟန်မတူ၊ မျက်လုံးစည်းကို ဖယ်ထုတ်လိုက်ကာ တင်းယိနန်အား မကျေမနပ်နှင့် မေးလာ၏။
" ဘယ်သူ လေယာဥ်လက်မှတ် ဘွတ်ကင်လုပ်တာလဲ "
တင်းယိနန်သည် ချက်ချင်းပြန်မဖြေဘဲ လက်ထဲရှိ သတင်းစာကို အရင်ခေါက်နေလိုက်သေးသည်။ ပြန်ဖြေတော့လည်း မေးသည်ကို တိုက်ရိုက်မပြောဘဲ ပြောလိုသည့် အချက်ကိုသာ ရွေးပြောသည်။
" ကျွန်တော် မဟုတ်ဘူး "
တင်းယိနန်သည် သူ တာဝန်ယူထားသည်အား သေချာရှင်းလင်းစေလို၍ သို့နှယ် ပြန်ဖြေသည် မဟုတ်ပေ။ စီမံရေးဘက်မှ ဝန်ထမ်းအမျိုးသမီးငယ်ဘက် သေနတ်ပြောင်းဝ ရွေ့မသွားစေရန်အတွက် ပြောသင့်သလောက်သာ ပြောလိုက်ခြင်းပင်။
ယခုတစ်ခေါက် ခရီးသည် အုပ်စုလိုက် ထွက်ရသည့် လုပ်ငန်းဆိုင်ရာ ခရီးစဥ်တစ်ခုဖြစ်သည်။ ဟော့ကျိရှောင်းအပြင် 'ကျို့ရှဲန်းဗိသုကာ' လက်အောက်မှ အခြားအဖွဲ့တစ်ခုကလည်း 'Blus Dots' ဆုပေးပွဲ၏ ဆန်ခါတင်စာရင်းတွင် ပါဝင်သည်။
သို့ဖြစ်ရာ ဝန်ထမ်းအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေရန်အတွက် စီမံရေးရာ ဝန်ထမ်းသည် လေယာဥ်လက်မှတ်အားလုံးကို တစ်တန်းတည်း ညီတူညီမျှ စီစဥ်ပေးထားခြင်းဖြစ်သည်။ တင်းယိနန်သည် ဤသည်ကို သိထားပြီးသားဖြစ်သော်ငြား စီမံရေးရာအဖွဲ့ဆီ သွား၍ သူနှင့် ဟော့ကျိရှောင်းအတွက် သီးသန့်လေယာဥ်လက်မှတ် စီစဥ်ပေးပါဟု တောင်းဆိုဖို့ရန်မှာ သင့်တော်သည့် လုပ်ရပ် မဟုတ်ပါပေ။
YOU ARE READING
Aesthetic Formula {မြန်မာဘာသာပြန်}
RomanceTitle: Aesthetic Formula (美学公式) Author: 空菊/Kong Ju Category: Danmei Release time: 2021-05-30 Status: Completed with 59 chapters Source: https://www.gongzicp.com/novel-305631.html ** I do not own this story. All the credits go to the original author...